Sunday, August 19, 2007

Aung Chan Linn Return



အလွန်လှသော ကျွန်တော့်ပုံ ဖြစ်သည်။ အခြားမင်းသားများနှင့် လွဲမှားခြင်း မဖြစ်စေရန်။
ကျွန်တော်ရူးသွားပြီဟု လူတိုင်းပြောကြပါသည်။ သို့သော် ကျွန်တော်မရူးသေးပါ။ ကျွန်တော် ကြောင်ချင် သလိုလို ဖြစ်သွားခဲ့ပါသည်။ ကျွန်တော့်ကို ပညာရှင်တစ်ချို့က လက်စွမ်းပြပါသည် ဟုထင်ထားသည်။ ဘယ်သူမှန်းမသိခင်မှာ ထိုသူကို ကျွန်တော် သတ်ချင်သည်။ ဒေါသတွေမိုးမွန်သွားခဲ့ ပါသည်။ ကျွန်တော့် Blog ရဲ့ Password တွေပြောင်းကုန် ပါတယ်။ တစ်ယောက်ယောက်ရဲ့ လက်စွမ်းဆိုတာကို သိရပါတယ်။ ကျွန်တော်နဲ့ တစ်မြို့တည်းသား အနုတ်စုတ်ဂုတ်စုတ် နိုင်ငံတစ်နိုင်ငံရောက်နေတဲ့ ၀ဲစားတစ်ကောင် လက်ချက်ပါ။ အဲ့ဒီကောင် အရမ်းတော်လွန်းလို့ တော့ မထင်လိုက်ကြနဲ့နော်။ ကျွန်တော်နဲ့ အတူ ကွန်ပျူတာ တက်ခဲ့တဲ့ကောင်ပါပဲ။ ကျွန်တော်ဟာ ကွန်ပျူတာစသုံးကတည်းက Main Password ကိုတစ်မျိုး Normal Password ကိုတစ်မျိုး နှစ်မျိုး ပဲသုံးတာပါ။ ကျန်တာမရှိပါဘူး။ ဒါကို ဒီကောင်က အခွင့်အရေးယူပြီး ကျွန်တော့် ဂျီမေးလ်ထဲဝင်ကြည့် တယ်။ နောက်ပြီး ကျွန်တော် Blog တွေရေးနေတာ ကိုဒီကောင်သိသွားတယ်လေ။ သူကကျွန်တော့်ရဲ့ Main Password ကိုသိ နေတယ်လေ။ အတန်းထဲမှာဆို ကျွန်တော်က ကျွန်တော်ကိုင်တဲ့ လက်ကိုင်ကွန်ပျူတာကို Main password ပေးထားပါတယ်။ ဒါကို ဒီကောင့်ကိုကျွန်တော် ပြောခဲ့ဘူးပါတယ်။ အခု Internet သုံးတော့လည်း Main Password ကို မပြောင်းခဲ့ပါဘူး အရင်အတိုင်းပဲ ပေးထားခဲ့မိတာပါ။ ဒီကောင် မြန်မာကို မကြာသေးမီ တစ်ပါတ်အတွင်း ပြန်ရောက်လာပါတယ်။ ဒီကောင်နဲ့ တွေ့တော့ ကျွန်တော့်က Blog တွေ ရေးနေတုန်း Password တွေပြောင်းကုန်တဲ့ အကြောင်း ပြောပြတယ် အဲ့ဒီ ခပ်နန ကောင်က သူ့ကို (၃)ရက်တိတိ သွားချင်တဲ့ နေရာဆိုင်ကယ်နဲ့ လိုက်ပို့ပေးရင် ပြောပြမယ်ဆိုတော့မှ ဒီကောင်မှန်းသိခဲ့ရတယ်။ ဆွဲထိုးရမှာလိုလို ဖက်နမ်းရမှာလိုလို ဖြစ်သွားခဲ့ရတယ်။ ဒီကောင်ကြောင့် စိတ်ရှုပ်ခဲ့ရတဲ့အတွက် လျှော်ကြေး အနေနဲ့ အပေါစား လက်ကိုင်ကွန်ပျူတာလေး တောင်းဆိုထားတယ်။ ပြန်ရောက်ရင်တော့ ၀ယ်ပေးမယ် ပြောတယ် ဒါပေမယ့်။ ဒီကောင့် စကား တစ်နဲ့စား အကြွင်း သုည မယုံရ။ လဒလေးရေ အခုတော့ မင်းမရတော့ ဘူး။ ငါ Password တွေ အကုန်ပြောင်းလိုက်ပြီ။


မအိပ်နိုင်မစားနိုင် ကွန်ပျူတာရှေ့ ထိုင်နေပုံ

No comments: