Include:
Acrobat 3D 8.1.0
Adobe CS3 Design Premim Key
Adobe Web Premium CS3 Key
Contribute CS3 VLK
Dreamweaver CS3 VLK
FireWorks CS3 Key
Flash CS3 Keygen + Activation
InDesign CS3 VLK
Photoshop CS3 Extended VLK
Photoshop Lightroom 1.1
Acrobat 8 keygen + Activation
Adobe CS3 Master Activation
After Effects CS3
Dreamweaver CS3
Encore DVD 2.0
Fireworks CS3 VLK
GoLive CS3 Keygen
Photoshop CS3 Activation Key
Photoshop CS3 Keygen
Premiere Pro CS3
Dreamweaver CS3
Encore DVD 2.0
Fireworks CS3 VLK
GoLive CS3 Keygen
Photoshop CS3 Activation Key
Photoshop CS3 Keygen
Premiere Pro CS3
Acrobat 8 Pro Keygen
Adobe CS3 Master Collection
Audition 2.0
DreamWeaver CS3 Key
Fireworks CS3 Keygen
Flash CS3 Keygen
InCopy CS3 VLK
PhotoShop CS3 Extended Key
Photoshop Extended CS3 Key
SoundBooth CS3
Download: 3.87 MB
Mirror1:
Mirror2:
Mirror3:
Pass: www.dl4all.com
Monday, April 21, 2008
Adobe Keys Master collection 2008
ဒါလေးကတော့ Adobe နောက်ဆုံးပေါ်များကို keygen များ စုပေါင်းချက်ဖြစ်ပါတယ်။ အတော့်ကို အသုံးဝင်မယ့် ပုံလေးပါ ကျွန်တော် တော်လို့ ရေးထားတာ လို့တော့ မထင်လိုက်ပါနဲ့ ကျွန်တော် ရှာရင်းဖွေရင်း တွေ့ထားတာပါ (3.9)mb လောက်လေးပါတယ်။ download လုပ်ရင်အဆင်ပြေအောင်လည်း Mirror (၄)ခုနဲ့ တင်ပြထားပါတယ်။ Rar ဖိုင်နဲ့ ဖြစ်ပြီး Password ပေးထားပါတယ်။ Password ကတော့ (www.dl4all.com) ဖြစ်ပါတယ်။ အများသောအားဖြင့် အကုန်လုံး နီးနီး ကတော့ CS3 တွေချည်းပါပဲ ကျွန်တော်လို အလကားရသမျှ ဒေါင်းလုဆွဲသုံးနေသူများ အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Thursday, February 28, 2008
Fire Mandalay
မန္တလေးမှာ မီးတွေလောင်နေတယ်ဗျာ ဆက်တိုက်ပဲ စိတ်အရမ်းပျက်တယ်။ ဒါပေမယ့် ဓါတ်ပုံလေးတွေတော့ ယူနိုင်ခဲ့တာပေါ့။ ဘယ်လိုပဲဆိုဆိုဗျာ မီးလောင်တဲ့ဓါတ်ပုံတွေ တင်ရာမှာ ကျွန်တော့် ဘလော့တောင် တော်တော်လေး လေးသွားတယ် အဆင်ပြေအောင်လို့ ကျွန်တော် လင့်နဲ့ ပြန်ရေးပေးလိုက်ရပါတယ်။ သီးခြားစီ ကြည့်နိုင်တာပေါ့။ အောက်ပါ link များကို နှိပ်ပြီး ကြည့်ရှူနိုင်ပါတယ် -
(၁) ရတနာပုံဈေး ပထမရက် မီးလောင်မှု ဓါတ်ပုံများ
(၂) ရတနာပုံဈေး ဒုတိယရက် မီးလောင်မှု ဓါတ်ပုံများ
အောင်ချမ်းလင်း
aungchan06@gmail.com
(၁) ရတနာပုံဈေး ပထမရက် မီးလောင်မှု ဓါတ်ပုံများ
(၂) ရတနာပုံဈေး ဒုတိယရက် မီးလောင်မှု ဓါတ်ပုံများ
အောင်ချမ်းလင်း
aungchan06@gmail.com
CAE Fire Mandalay
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂+၃၃လမ်းကြား၊ ၆၅ လမ်းနှင့် မြရတနာလမ်းကြားရှိ ဆရာမကြီး ဒေါ်နှင်းနှင်းမွန်၏ CAE ဘော်ဒါဆောင် မီးဖိုခန်းတွင် 28-2-2008 ရက်နေ့ နံနက် ၀၉၃၀ အချိန်မှ စတင်ကာ မီးအားမြင့်စက်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးရှိနေအိမ်တစ်အိမ်အပါအ၀င် အိမ်နှစ်လုံး လုံးဝမီးလောင်ကျွမ်းခဲ့ပြီး အိမ်လေးလုံးခန့် ကူးစက်မှုဖြစ်ပွားခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦးခန့်၊ မီးသတ်ကား (၁၅)စီး၊ ရဲ (၁၅၀)ခန့်၊ ဘုန်းတော်ကြီး (၇၀)ခန့် မီးငြိမ်းသတ်ခဲ့ကြသည်။ မီးသတ်ကားများ ၀င်ရောက်ရန် လွယ်ကူ ခြင်း နှင့် အနီးတွင် ရေရရှိလွယ်ခြင်းတို့ကြောင့် လောင်မီးအား (၄၅)မိနစ်အတွင်း ငြိမ်းသတ်နိုင်ခဲ့ပါသည်။ ကျွန်တော် အနီးမှာရောက်ရှိနေချိန် ဖြစ်တာကြောင့် လက်ဆော့ခဲ့ရပြန်ပါတယ်။
ဓါတ်ပုံတွေ အားလုံး ကြည့်ချင်ရင် ဒီမှာကြည့်နိုင်ပါတယ်
ဒီမှာ ဆလိုက်ရှိုး အစအဆုံး ကြည့်နိုင်ပါတယ်
ဓါတ်ပုံတွေ အားလုံး ကြည့်ချင်ရင် ဒီမှာကြည့်နိုင်ပါတယ်
ဒီမှာ ဆလိုက်ရှိုး အစအဆုံး ကြည့်နိုင်ပါတယ်
Last News of YaDaNarPone Zay
ကျွန်တော် ရတနာပုံဈေးကို ဒုတိယမြောက်နေ့ အဖြစ်ရောက်ရှိခဲ့ရာ မီးများ ဆက်လက်လောင်ကျွမ်းနေတာကို တွေ့ရှိရပါတယ်။ အဓိက ဆက်လက်လောင်ကျွမ်းတာကတော့ MCC ပဲဖြစ်ပါတယ်။ စကိုင်းဝေါ့ ကတော့ ဘာမှ ကို မကျန်အောင်ပြောင်ပါတယ်။ အောက်ဆုံးထပ် အကုန်လောင်ပါတယ်။ MICT ကတော့ ALPHA ကနေစပြီး ဟိုးဘက် အစွန်းအထိ ဘာမှမဖြစ်ပါဘူး။ နောက် MCPA နဲ့ ကန်တင်း နားတစ်ဝိုက်လည်း လုံးဝမလောင်ပါဘူး။ အောက်ထပ်က MCC လောင်တော့ အပေါ်ထပ်က မီးအားနဲ့ ကျွမ်းသွားတာတော့ရှိတာပေါ့။ ဓါတ်ပုံများကိုလည်း ဆက်လက်ရှုစားနိုင်ကြပါတယ်။
အောင်ချမ်းလင်း
Monday, February 25, 2008
Ya Da Nar Pone Zay
ဒီနေ့ မန္တလေးမြို့ ကျက်သရေဆောင် ရတနာပုံဈေးကြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ 25-2-2008 ရက်နေ့ မနက် 08း20 အချိန် ရတနာပုံဈေးအောက်ထပ်ရှိ အသင့်ချုပ်ပြီး အထည့်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ ၀ါယာလျှော့ဖြစ်သဖြင့် စတင်လောင်ကျွမ်းခဲ့ပြီး ရတနာပုံဈေး တစ်ခုလုံး လောင်ကျွမ်းခဲ့ပါသည်။ ညနေ (၄)နာရီ အချိန်ခန့်တွင် မီးညွှန့်ကျိုးခဲ့ပြီး ည(၁၁)နာရီတိုင်အောင် မီးကျွင်းမီးကျန်များ ငြိမ်းသတ်နေဆဲဖြစ်ပါသည်။ မီးသတ် ကား (၆၄)စီးခန့်၊ မီးသတ် (၃၀၀)ဦးခန့်၊ ရဲ (၅၀၀)ဦးခန့်၊ ကြက်ခြေနီ (၁၀၀)ဦးခန့်၊ ဘုန်းတော်ကြီး (၃၀၀)ပါးခန့်၊ ပြည်သူ (၁၂၀၀)ဦးခန့် ၀င်ရောက်မီးငြိမ်သတ်ခဲ့ကြပါသည်။ ၀ိုင်းကြည့်တာတော့ တစ်မြို့လုံးနီပါး ပေါ့နော့။ ရတနာပုံဈေး၊ မြေညီထပ်၊ (ဃ)ရုံက ဆိုင်ခန်းအမှတ် (၂၆၁)၊ စက်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တွမ်းလင်းဖိန် ဆိုင်မှ ၀ါယာလျှော့ဖြစ်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း (၁၅၅၈)ခန်း လောင်ကျွမ်းခဲ့ပါတယ်။
ကျွန်တော်ကတော့ မီးလောင်နေတာကို ပွကြီးလုပ်ပြီး ဓါတ်ပုံဝင်ရိုက်ခဲ့ပါတယ်။ ကြည့်ကောင်းမယ့်ပုံများကို အပင်ပန်းခံ တင်ပေးလိုက်ပါတယ်။ မြေညီထပ်နဲ့ ပထမထပ် မီးလောင်ကျွမ်းပုံများကို အနီးကပ် ရိုက်ကူး နိုင်ခဲ့ ပါတယ်။ ပြေးရင်းလွားရင်း ရိုက်ခဲ့ရတာမို့ ၂၀% လောက်တာ ဓါတ်ပုံတွေက ကြည့်ကောင်းပါတယ်။ အောက်မှာ ရှုစားနိုင်ကြပါတယ်။ ဒီမှာကြည့်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်လို့ ညွှန်းဆိုပါတယ်။ http://s244.photobucket.com/albums/gg38/koaungchan/yadanarpone%20zay/ ေ
ကျွန်တော်ကတော့ မီးလောင်နေတာကို ပွကြီးလုပ်ပြီး ဓါတ်ပုံဝင်ရိုက်ခဲ့ပါတယ်။ ကြည့်ကောင်းမယ့်ပုံများကို အပင်ပန်းခံ တင်ပေးလိုက်ပါတယ်။ မြေညီထပ်နဲ့ ပထမထပ် မီးလောင်ကျွမ်းပုံများကို အနီးကပ် ရိုက်ကူး နိုင်ခဲ့ ပါတယ်။ ပြေးရင်းလွားရင်း ရိုက်ခဲ့ရတာမို့ ၂၀% လောက်တာ ဓါတ်ပုံတွေက ကြည့်ကောင်းပါတယ်။ အောက်မှာ ရှုစားနိုင်ကြပါတယ်။ ဒီမှာကြည့်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်လို့ ညွှန်းဆိုပါတယ်။ http://s244.photobucket.com/albums/gg38/koaungchan/yadanarpone%20zay/ ေ
Fire in mandalay union of myanmar
aung chan lin
Subscribe to:
Posts (Atom)