Monday, August 20, 2007

May Kha Lar



ဒါက အန်တီ မေခလာ ပုံပါဗျာ



မေခလာနဲ့ ကျွန်တော်ပေါ့

ဒီနေ့ မေခလာနဲ့ တွေ့ခဲ့တယ်။ SkyWalk ပေါ်မှာ ကြုံထောင့်ကြုံခဲ မင်းသမီးဟောင်းကြီး မေခလာနဲ့ တွေ့ခဲ့ရတယ်ဗျာ။ ဒီကောင်ကြွားတယ် လို့ပြောပြော ကြွားရဦးမယ် ဓါတ်ပုံတွဲရိုက်ခဲ့တယ်ဗျ။ စပ်ဗြဲဗြဲနဲ့ပေါ့။ Pupa ကုမ္ပဏီ က အလှကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲပါ။

Sunday, August 19, 2007

Aung Chan Linn Return



အလွန်လှသော ကျွန်တော့်ပုံ ဖြစ်သည်။ အခြားမင်းသားများနှင့် လွဲမှားခြင်း မဖြစ်စေရန်။
ကျွန်တော်ရူးသွားပြီဟု လူတိုင်းပြောကြပါသည်။ သို့သော် ကျွန်တော်မရူးသေးပါ။ ကျွန်တော် ကြောင်ချင် သလိုလို ဖြစ်သွားခဲ့ပါသည်။ ကျွန်တော့်ကို ပညာရှင်တစ်ချို့က လက်စွမ်းပြပါသည် ဟုထင်ထားသည်။ ဘယ်သူမှန်းမသိခင်မှာ ထိုသူကို ကျွန်တော် သတ်ချင်သည်။ ဒေါသတွေမိုးမွန်သွားခဲ့ ပါသည်။ ကျွန်တော့် Blog ရဲ့ Password တွေပြောင်းကုန် ပါတယ်။ တစ်ယောက်ယောက်ရဲ့ လက်စွမ်းဆိုတာကို သိရပါတယ်။ ကျွန်တော်နဲ့ တစ်မြို့တည်းသား အနုတ်စုတ်ဂုတ်စုတ် နိုင်ငံတစ်နိုင်ငံရောက်နေတဲ့ ၀ဲစားတစ်ကောင် လက်ချက်ပါ။ အဲ့ဒီကောင် အရမ်းတော်လွန်းလို့ တော့ မထင်လိုက်ကြနဲ့နော်။ ကျွန်တော်နဲ့ အတူ ကွန်ပျူတာ တက်ခဲ့တဲ့ကောင်ပါပဲ။ ကျွန်တော်ဟာ ကွန်ပျူတာစသုံးကတည်းက Main Password ကိုတစ်မျိုး Normal Password ကိုတစ်မျိုး နှစ်မျိုး ပဲသုံးတာပါ။ ကျန်တာမရှိပါဘူး။ ဒါကို ဒီကောင်က အခွင့်အရေးယူပြီး ကျွန်တော့် ဂျီမေးလ်ထဲဝင်ကြည့် တယ်။ နောက်ပြီး ကျွန်တော် Blog တွေရေးနေတာ ကိုဒီကောင်သိသွားတယ်လေ။ သူကကျွန်တော့်ရဲ့ Main Password ကိုသိ နေတယ်လေ။ အတန်းထဲမှာဆို ကျွန်တော်က ကျွန်တော်ကိုင်တဲ့ လက်ကိုင်ကွန်ပျူတာကို Main password ပေးထားပါတယ်။ ဒါကို ဒီကောင့်ကိုကျွန်တော် ပြောခဲ့ဘူးပါတယ်။ အခု Internet သုံးတော့လည်း Main Password ကို မပြောင်းခဲ့ပါဘူး အရင်အတိုင်းပဲ ပေးထားခဲ့မိတာပါ။ ဒီကောင် မြန်မာကို မကြာသေးမီ တစ်ပါတ်အတွင်း ပြန်ရောက်လာပါတယ်။ ဒီကောင်နဲ့ တွေ့တော့ ကျွန်တော့်က Blog တွေ ရေးနေတုန်း Password တွေပြောင်းကုန်တဲ့ အကြောင်း ပြောပြတယ် အဲ့ဒီ ခပ်နန ကောင်က သူ့ကို (၃)ရက်တိတိ သွားချင်တဲ့ နေရာဆိုင်ကယ်နဲ့ လိုက်ပို့ပေးရင် ပြောပြမယ်ဆိုတော့မှ ဒီကောင်မှန်းသိခဲ့ရတယ်။ ဆွဲထိုးရမှာလိုလို ဖက်နမ်းရမှာလိုလို ဖြစ်သွားခဲ့ရတယ်။ ဒီကောင်ကြောင့် စိတ်ရှုပ်ခဲ့ရတဲ့အတွက် လျှော်ကြေး အနေနဲ့ အပေါစား လက်ကိုင်ကွန်ပျူတာလေး တောင်းဆိုထားတယ်။ ပြန်ရောက်ရင်တော့ ၀ယ်ပေးမယ် ပြောတယ် ဒါပေမယ့်။ ဒီကောင့် စကား တစ်နဲ့စား အကြွင်း သုည မယုံရ။ လဒလေးရေ အခုတော့ မင်းမရတော့ ဘူး။ ငါ Password တွေ အကုန်ပြောင်းလိုက်ပြီ။


မအိပ်နိုင်မစားနိုင် ကွန်ပျူတာရှေ့ ထိုင်နေပုံ

Monday, August 6, 2007

MDY007 No(2)

ကျွန်တော် အလွန်မဝေးသော တစ်နေရာကို ခရီးထွက်ခွာသွားခဲ့ရတယ်။ ဘယ်နေ့ပြန်ရမယ်၊ ဘယ်အချိန် ရောက်မယ်ဆိုတာကို ကျွန်တော်ကြိုမသိခဲ့ပါဘူး။ ကျွန်တော်ပြန်ရောက်ရောက်ချင်း ဒီဂျာနယ် အမှတ်(၂) ကလေးကို ကြိုးစားရေးသားခဲ့တာပါ အခက်အခဲပေါင်း များစွာကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဂျာနယ် ရက်ရွှေ့ဖို့ ကိစ္စကိုကျွန်တော် လုံးဝ သဘောမတူခဲ့ပါဘူး။ တစ်ယောက်တည်း ပေလုပ်ခဲ့ပါတယ်။ ရုံးခန်းထဲက စက်(၃)လုံး ကျွန်တော်ပြန်ရောက်တော့ ပျက်နေပြီလေ။ ပြီးအောင်ပြင်ရတယ်။ ပြီးတော့ အလုပ်လုပ်တယ် ကျွန်တော် ကိုင်တဲ့စက်က ၀င်းဒိုးကန်းသွားပြန်တယ်။ laptop နဲ့ကျွန်တော် ချိန်းပြီးလုပ်တယ် တော်သေးတယ် Dita တွေက CD နဲ့ အသင့်ရှိနေလို့ဗျ။ ကျွန်တော်တို့ hard disk လေးထဲမှာ ရှိသမျှတော့ အကုန် ပလုံဖြစ်သွားတယ်။ နေပိုင်(ကွန်ပျူတာ) ကလည်း နေပြည်တာကနေ အဲ့ဒီနေ့ကမှ ပြန်ရောက်တယ်။ လွင်ကိုလတ်က တော့ စက်လေးကို hard disk တစ်လုံးနဲ့ Format ချပြီး Window ပြန်တင်ပေးပါတယ်။ hard disk ကကြောင် နေတာမို့ အခက်အခဲ တွေထပ်တွေ့ခဲ့ရပြန်တယ်။ ကျွန်တော် Laptop ထဲကိုပဲ Install တွေ ထပ်လုပ်ပြီး ကြိုးစားကြည့်ခဲ့ပါတယ်။ ပြီးလုလုမှာ စက်ကလေးပြန်ရတာမို့ စက်ထဲပြောင်းပြီး ပြန်လုပ်ရတယ်။ အဲ့ဒီမှာ ပြဿနာစတွေ့တော့ပြန်တာ ပါပဲဗျာ။ အဲ့ဒီအချိန်မှာ Modem လေး လောင်သွားပြန်ရော (Midas) အမျိုးအစား လေးပါ ဒီကောင်က တရုတ်ပေမယ့် အတော်ကောင်းခဲ့တာဗျ။ စက်(၁၀)လုံးလောက် ပါတ်ပြီး Download လုပ်တာတောင် ဘယ်လိုမှ နေခဲ့တာမဟုတ်ဘူး။ ပြောချင်တာကတော့ ရှင်းရှင်းလေးပါ ကျွန်တော်က ရှုပ်အောင်လုပ်နေတာ။ MDY007 အမှတ်(၂)မှာ ထင်မထားတဲ့ အခက်အခဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့တယ်။ အတွေ့အကြုံရတာပေါ့။ ကြိုတင်ပြင်ဆင်မှုလုပ်ရမယ်ဆိုတာ ကိုကျွန်တော်သိလာတယ်။ ထင်ထားတာထက် အချိန် နည်းနည်းနောက်ကျမှ တင်ခဲ့နိုင်လို့ စိတ်မကောင်းဖြစ်မိပါတယ် အခုတော့ အားလုံး ကောင်းသွားပြီ။ အောက်ကပုံကို နှိပ်ပြီး ဒေါင်းလုလုပ်နိုင်ပါပြီခင်ဗျာ -

Friday, August 3, 2007

The Boy's Birthday

မိဘဟူသည် တောင်းစုတ်ပလုံးစုတ်သာ ပစ်ရိုးထုံးစံရှိသည်။ သားသမီးကို မပစ်။ ဆိုတဲ့ စကားရှိတယ်လေ။ ဒီနေ့ ကျွန်တော့် မွေးနေ့လေ အဖေနဲ့ အမေကို ကျွန်တော်ပိုပြီး သတိရ လာမိတယ်ဗျာ။ ကျွန်တော်ဟာ မိဘမေတ္တာ ငတ်ခဲ့ရသူပါ။ ဒီအကြောင်းကို ပြန်ပြန်တွေးရင် မျက်ရည်လည်လည် နေမိတာကြောင့် ပြန်သတိမရတာ ကြာလှပါပြီ အခုတော့ ဒီ Blog ပေါ်မှာပဲ ဖွင့်ချလိုက်ပါတယ်။ ကျွန်တော် မိုးကုတ်မြို့၊ ကျောက်ပြဿာဒ်ရွာ မှာ ကျွန်တော့်ကို မိဘနှစ်ပါးက မွေးဖွားခဲ့ပြီး မိခင်ရဲ့ အမေ ကျွန်တော့် အဘွားနဲ့အတူ နေထိုင်ခဲ့ရပါတယ်။ သူက အဖေနဲ့ အမေဟာ ကျွန်တော် ကျောင်းတက်တက်ချင်း အချိန်မှာပဲ။ မိုးကုတ်မြို့ (အနောက်ပိုင်း) ကျပ်ပြင်ဈေးရပ်ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော် သူတို့နဲ့ မလိုက်သွားခဲ့ရပါဘူး အဘွားနဲ့အတူ နေထိုင်ခဲ့ရပါတယ်။ အဲ့ဒီတုန်းက အဖေနဲ့ အမေလာတိုင်း ကျွန်တော်ငိုတယ် အတင်းဆွဲထားတယ်။ အဲ့ဒီအဖြစ်လေးတွေကို ကျွန်တော် မှတ်မိနေဆဲပါ။ ဒီလိုနဲ့ ကျွန်တော် (၄)တန်း ရောက်လာတော့ ကျွန်တော့်ကို အဖေနဲ့ အမေက သူတို့နဲ့ နေဖို့ခေါ်ထားခဲ့တယ်လေ အဲ့ဒီအချိန်မှာ ကျွန်တော့်မှာ ညီလေး တစ်ယောက် လောကကြီးထဲရောက် နေပါပြီ။ (၅)တန်း တစ်နှစ်ပဲ အဖေ၊ အမေနဲ့ ကောင်းကောင်း နေခဲ့ရ ပါတယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော် အများကြီး ပျော်ခဲ့တယ် ၀မ်းသာခဲ့တယ်။ ဒါပေမယ့် အချိန်က သပ်မကြာလိုက်ပါဘူး။ ကျွန်တော်(၆)တန်းအရောက်မှာ မိုးကုတ် မှ ဆရာမတစ်ချို့ ရဲ့ သင်ကြားပို့ချမှုကို ကျွန်တော့် မိဘများ မနှစ်သက်ကြလို့ ကျွန်တော့်ကို စစ်ကိုင်းမြို့ က အဖေ့ မိဘများနဲ့ အတူ စစ်ကိုင်း အထက (၂)ကို ပြောင်းရွှေ့ထားခဲ့ ပါတယ်။ ကျွန်တော် စစ်ကိုင်းမှာ မိုးတွေရွာတိုင်း မိုးရွာထဲထွက်ပြီး ငိုလေ့ရှိတယ် အဖေနဲ့ အမေကို လွမ်းလို့ ပေါ့။ အဖေလာမယ် လို့များ သတင်းကြားရင် ကျွန်တော့်မှာ လေ အိမ်နဲ့ တော်တော် အလှမ်းဝေး တဲ့ အဝေးပြေး လမ်းမကြီးဘေးက မှတ်တိုင်လေး နားမှာ ကျွန်တော် ကျောင်းဆင်းတိုင်း ထိုင်စောင့်နေလေ့ ရှိပါတယ်။ အဖေမလာရင် ကျွန်တော်ငိုတယ်။ အမြဲဝမ်းနည်း ရလေ့ရှိတယ်။ လောကကြီးမှာ ဘာမှ အများကြီး မလိုချင်ဘူး။ အဖေကနေ ကျွန်တော့်ပခုံးကို ဖက်ထားပြီး ငါ့သားကွလို့ မော်ကြွားတဲ့ အပြုံးလေးတွေကို လိုချင်တယ်။ အမေရင်ခွင်ထဲမှာ ကလေးလေး တွေလိုပဲ ဖက်ပြီး အိပ်ချင်မိတယ်။ ကျွန်တော် (၉)တန်း ပြီးလို့ မိုးကုတ်မှာ နေချင်တယ် ဆိုတဲ့ ဆန္ဒအရ အဖေနဲ့အမေ ကျွန်တော့်ကို မိုးကုတ်ပြန်ခေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မိသားစု ဘ၀လေးထဲကို ညီမလေးတစ်ယောက် ရောက်ရှိနေပြန်ပါပြီ။ ကျွန်တော်ဟာ ဘော်ဒါဆောင်တစ်ဆောင်မှာ နေ့/ညနေခဲ့ရပြီး စနေ တစ်ရက်သာ ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ပျော်တယ်။ အဖေနဲ့ အမေ ကျွန်တော့်အဆောင်လာလာပြီး အားပေးတဲ့ နေ့တွေဆို ကျွန်တော်အရမ်းဝမ်းသာခဲ့တယ်။ ၁၀ တန်းပြီး ကတည်းက ကိုယ့်လမ်းကိုယ်လျှောက်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့ပြီးတော့ အဖေနဲ့ အမေကို ကျောခိုင်းကာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ကြိုးစားခဲ့ရင်းက ဒီနေ့ဆို အဖေနဲ့ အမေရယ် (၆)နှစ်ရှိပြီနော်။ ၁၉၈၄ ခုနှစ် သြဂုတ်လ (၃) ရက်နေ့မှာ လူ့ဘ၀ထဲစရောက်ခဲ့ပြီး ဒီနေ့အထိ ကျွန်တော်လေ ယုံကြည်ရာ မျှော်လင့်ချက် တစ်ခုအတွက် မိဘဆိုတာလဲ ခွဲခွာခဲ့ရတယ်။ ချစ်သူကလည်း စွန့်ခွာသွားတယ်။ ဘယ်တော့မှ ရောက်မယ်မှန်းမသိရတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကို သွားတဲ့လမ်းမှာ Blogger သူငယ်ချင်းတွေ၊ အပြင်က သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အားလုံးဟာ ကျွန်တော့်အတွက် အထီးကျန် ဆန်ခြင်းကို အဝေးကို ထွက်သွားစေပါတယ်။ ပျော်ရွင် စေပါတယ်။ စိတ်ချမ်းမြေ့စေပါတယ်။ ဒါ့ကြောင့် အားလုံးကို ကျွန်တော် အမျှော်လင့်ဆုံး တောင်းပန်ချင်တာတော့ ကျွန်တော့်အပေါ် စိမ်းစိမ်းကားကားမလုပ်ကြပါနဲ့လို့ နောက်ပြီး ကျွန်တော်ရယ်လို့ အောင်မြင်လာအောင် အရောင်တင်ပေးခဲ့တဲ့ အဖေနဲ့အမေ၊ တကယ်ကို အဖေနဲ့ မခြားတဲ့ ကျွန်တော့် ဆရာသမား၊ အကိုနဲ့မခြားတဲ့ ဆရာသမားများ အားလုံးအား လက်ဆယ်ဖြာ ထိပ်မှာမိုးလို့၊ ငါးပါးသောထိခြင်းဖြင့် ရှိခိုးကန်တော့ပါ၏၊ ဒုတိယံမိ ရှိခိုး ကန်တော့ပါ၏၊ တတိယံမိ ရှိခိုး ကန်တော့ပါ၏ ခင်ဗျား။