Wednesday, May 23, 2007

Short Note

ပုဆိုးလေးတစ်ထည်
စွယ်စုံရ ပုဆိုးလေးတစ်ထည်သာ ကျွန်တော်ပိုင်ပါတယ်။

ကျွန်တော်ဟာတစ်ကောင်ကြွက်စစ်စစ်ပါ။

ထိုပုဆိုးသည် ကျွန်တော့်အတွက် ၀တ်ကောင်းစားလှ

ထိုပုဆိုးသည် ကျွန်တော့်အတွက် ယူနီဖောင်း

ထိုပုဆိုးသည် ကျွန်တော့်အတွက် မျက်နှာသုတ်ပုဝါ

ထိုပုဆိုးသည် ကျွန်တော့်အတွက် သဘက်

ထိုပုဆိုးသည် ကျွန်တော့်အတွက် မွေ့ယာခင်း

ထိုပုဆိုးသည် ကျွန်တော့်အတွက် ခြင်ထောင်တစ်လုံး

ထိုပုဆိုးသည် ကျွန်တော့်အတွက် စောင်တစ်ထည်

ထိုပုဆိုးသည် ကျွန်တော့်အတွက် လက်သုတ်ပုဝါ

ထိုပုဆိုးသည် သာလျှင်ကျွန်တော့်အတွက် မြတ်နိုးရာ

ခုတော့ အဲ့ဒီ ပုဆိုးလေး ပျောက်သွားပြီ . . . . . . . . . .


ကျွန်တော်နဲ့ လည်ပင်းဖက်ပြီး စားအတူတူ အိပ်အတူတူ၊ အလုပ်အတူတူ နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် သို့ အမှတ်တရ။-----

Saturday, May 19, 2007

InnLay Photo

အင်းလေး အမှတ်တရ ဓါတ်ပုံများ
ရှမ်းပြည်နယ်၊ တောင်ပိုင်း တစ်နေရာဖြစ်ပြီး ကမ္ဘာမှာပါ ခြေနဲ့လှေလှော်တဲ့နေရာလို့ ထင်ရှားကျော်ကြားလှတဲ့ အင်းလေးရဲ့ မှတ်တမ်း ဓါတ်ပုံတွေကို ကျွန်တော့် Blog ဖတ်ရှုသူ ညီအကိုမောင်နှမများ ခံစားရှုမြင်နိုင်အောင် ကျွန်တော် တင်ပြလိုက်ရပါတယ်။ ဓါတ်ပုံတွေဟာ ဆိုဒ်အရမ်းကြီးနေတာမို့ ပုံသေးများကိုသာ တင်ပြထားရ ပါတယ်။ ဒီလက်ရာတွေဟာ အကောင်းကြီးမဟုတ်လှပေမယ့် အသုံးပြုချင်ကြပါတယ် ဆိုရင် ယူသုံးနိုင်ပါတယ်။ မူရင်းရိုက်စဉ်ကပုံတွေကတော့ ဆိုက်တော်တော်ကို ကြီးပါတယ်။ အသဲအသန်ချုံ့ပြီးတင်ထားရပါတယ်။ ဒီဓါတ်ပုံ တွေထဲမှာ မတော်တဆပါသွားတဲ့ ကျွန်တော့်ဆရာသမားတွေ၊ အကိုအမတွေ၊ မောင်နှမတွေအားလုံးကို ကျွန်တော် ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။


အင်းလေးကိုမသွားခင် အောင်တော်မူရဲ့ နေ့နဲ့ည အပြောင်းအလဲလေးပါ


ဘိုးဘိုးကြီးနတ်နန်းကိုဦးတိုက်ပြီးမှ အင်းလေးဘက်ကိုတက် ရပါတယ်။ ဒီဖက်ကတော့ ခရီးတစ်ထောက်ပါ

အင်းလေးရေပြင်နဲ့ သွားရောက်ရမယ့် ရေလမ်းခရီး


ရပ်နားတည်းခိုခဲ့သည့် အင်းလေး ဘုန်းတော်ကြီးကျောင်း (တောင်ကျောင်း)


ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်


ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်ပါတ်ဝန်းကျင်မှ ရှုခင်းတစ်ချို့


ပျော်ပျော်ပါးပါး လှေလှော်သွား


အင်းလေး အလိုတော်ပေါက် ဘုရား (နန်းပန်)


သမိုင်းဝင် ဗူးဘုရား နှင့် သွားရာလမ်း


ကွန်လုံ ဆရာတော် ဘုရားကြီး၏ ဖယောင်းသားပုံတူ ရုပ်ကလပ်တော်


ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ပုံတူတော်နှင့် ရုပ်ကတော် အစစ် ကိန်းဝပ်ရာ


ရုပ်ကလပ်တော်ကိန်းဝပ်ရာစံကျောင်း နှင့် အနီးတ၀ိုက်ရှုခင်း


ပင်းတယ ရွှေဥမင် လှိုက်ဂူတော်သို့ သွားရာလမ်းနှင့် အ၀င်ပေါက်


ရွှေဥမင် အနီး ရှုခင်းနှင့် အဝေးမှမြင်နေရသော သမိုင်းဝင် ဘုတ်တလုတ်ရေကန်


ရွှေဥမင် လိုဏ်ဂူတော် ဘုရားအတွင်းပိုင်း ဖူးမြင်ရပုံ


ကျွန်တော်တို့ ခရီးသွားအဖွဲ့လေး နှင့် ညတွင်းပြန်လာသော ခရီးလမ်း
ဒီဓါတ်ပုံများရဲ့မူရင်းပုံများကို http://photobucket.com မှာတင်ပြီးမှ Blog ထဲမှာထည့်ရေး ထားတာ ဖြစ်ပါတယ်။ တကယ်လို့များ (၆၀၀x၄၅၀)ဆိုဒ်နဲ့ ဓါတ်ပုံတွေကို လိုချင်တယ်ဆိုရင် တော့
http://i148.photobucket.com/albums/s19/aungchan06/InnLay01.jpg
နံပါတ်စဉ် (
/InnLay01.jpg ) ကနေ (/InnLay55.jpg) အထိ အတွင်းမှာရှိပါတယ်။
http://i148.photobucket.com/albums/s19/aungchan06/InnLay55.jpg
အဲ့ဒီဆိုဒ် ကမှသေးနေပါသေးတယ် ဆိုရင်တော့ ကျွန်တော့်ဆီကို (aungchan06@gmail.com) E-mail ပေးပို့ပြီး တောင်းယူနိုင်ပါတယ်။ တကယ်ပေးမှာပါ။ စီးပွားဖြစ်မလုပ်ဘူးဆိုရင်ပေါ့။