Wednesday, May 23, 2007

Short Note

ပုဆိုးလေးတစ်ထည်
စွယ်စုံရ ပုဆိုးလေးတစ်ထည်သာ ကျွန်တော်ပိုင်ပါတယ်။

ကျွန်တော်ဟာတစ်ကောင်ကြွက်စစ်စစ်ပါ။

ထိုပုဆိုးသည် ကျွန်တော့်အတွက် ၀တ်ကောင်းစားလှ

ထိုပုဆိုးသည် ကျွန်တော့်အတွက် ယူနီဖောင်း

ထိုပုဆိုးသည် ကျွန်တော့်အတွက် မျက်နှာသုတ်ပုဝါ

ထိုပုဆိုးသည် ကျွန်တော့်အတွက် သဘက်

ထိုပုဆိုးသည် ကျွန်တော့်အတွက် မွေ့ယာခင်း

ထိုပုဆိုးသည် ကျွန်တော့်အတွက် ခြင်ထောင်တစ်လုံး

ထိုပုဆိုးသည် ကျွန်တော့်အတွက် စောင်တစ်ထည်

ထိုပုဆိုးသည် ကျွန်တော့်အတွက် လက်သုတ်ပုဝါ

ထိုပုဆိုးသည် သာလျှင်ကျွန်တော့်အတွက် မြတ်နိုးရာ

ခုတော့ အဲ့ဒီ ပုဆိုးလေး ပျောက်သွားပြီ . . . . . . . . . .


ကျွန်တော်နဲ့ လည်ပင်းဖက်ပြီး စားအတူတူ အိပ်အတူတူ၊ အလုပ်အတူတူ နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် သို့ အမှတ်တရ။-----

No comments: