Monday, November 19, 2007

Inset a Search Box

Blog Sidebar မှာ မိမိ Blog အတွင်း ရှာဖွေပေးတဲ့ Search Box ကလေး ထည့်ချင်ပါတယ် ဆိုရင်တော့ အောက်ပါ အတိုင်း လုပ်ဆောင်ပေးရပါလိမ့်မယ် -
(၁) သင့် Blog ကိုမှာ Sign in လုပ်ပြီး Template tab ကိုသွားပါ။
(၂) Page Elements tab ကို ရွေးခြယ်ပါ။
(၃) "Add a page Elements" ကို Click တစ်ချက်နှိပ်လိုက်ပါ။
(၄) “HTML/JavaScript"ကို ဆက်လက် ရွေးခြယ်ပါ။
(၅) "HTML/JavaScript" ထဲတွင် အောက်ပါ code များအား ထည့်သွင်းကာ Save လုပ်လိုက်ပါ။

ထိုသို့ထည့်သွင်းရာတွင် ဒုတိယ စာကြောင်းမှာပါတဲ့ action="YOUR BLOG URL/search" ဆိုသော နေရာတွင် ကျွန်တော် အနီပြထားသော YOUR BLOG URL နေရာမှာ သင့်ရဲ့ Blog လိပ်စာကို ထည့်သွင်းပါ။ ဥပမာအား ဖြင့် ကျွန်တော့် Blog ဆိုလျှင် action="http://aclmdy.blogspot.com/search" ဟု ဖြစ်သွား ပါမည်။
၎င်းနောက် (၄)ကြောင်းမြောက်တွင်ပါသော This is your Tittle ဆိုသောနေရာတွင် သင်ထည့်လိုသော ခေါင်းစဉ်ကိုထည့်သွင်းပါ။ အောက်ပါအတိုင်းဖြစ်သွားပါမည်။

My Blog Search Box


အလျှားကို ချဲ့/ချုံ့ ပြုလုပ်ချင်သေးပါက (၆)ကြောင်းမြောက်ရှိ maxlength="255" ဆိုသောနေရာတွင် 255 အစား မိမိ လိုသလောက်ကို ချဲ့/ချုံ့ ပြုလုပ်နိုင်ပါတယ်။ ဥပမာ maxlength="500"
နောက်ဆုံးတစ်ခုကတော့ Search ဆိုတဲ့ အတုံးလေးကို စာသားပြင်ချင်ပါက Value="Search" နေရာမှ Search အစားမိမိထည့်သွင်းလိုသော စားလုံးကို ပြင်ရေးလိုက်ပါ။ ဥပမာ Value="Go"
ယခုဆိုလျှင် သင့် Blog မှာ Blog ထဲမှ အကြောင်းအရာများကို ရှာပေးမယ့်။ Search Box လေးတစ်ခု တင့်တင့် တယ်တယ် ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဆင်မပြေတာရှိရင် အကြံပြုခဲ့ကြပါဦးလားဗျာ။

No comments: