Saturday, November 17, 2007

How to Clean Brontok Virus ?

တစ်ခါက ကျွန်တော် Post ကလေးတစ်ခုတင်ဖူးပါတယ်။ ဗိုင်းဗိုင်းကိုက်လို့ ဒိုးဒိုးပြုတ်ခြင်း ဆိုတာကို ပေါ့ အခုတော့ အဲ့ဒီ Virus ကို ကျွန်တော် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး အထက်ကျောင်းမှာ ပြန်ပြီး တွေ့ဆုံခဲ့ကြ ရပြန်ပါတယ်။ သူ့ကို Brontok လို့ခေါ်ပြီး Kaspersky နဲ့ BitDefender Anti-Virus များဆိုရင်တော့ ကောင်းကောင်း နိုင်ကြပါတယ်။ ဒါပေမယ့် တစ်ခြား Anti-Virus သုံးသူများအနေနှင့်တော့ အတော်လေးကို ခံစား သွားရမယ်လို့ ထင်ပါတယ်။ Brontok နဲ့ Flashy ဗိုင်းရပ်များ ဟာ အဓိကအားဖြင့် PC (window) တွေကို တိုက်ခိုက်တာဖြစ်ပြီး ၄င်းတို့ ၀င်ရောက်နေပြီဆိုရင် အောက်ပါအတိုင်း မိမိ OS မှာ ပြသာနာဖြစ်ပွားပါတယ် -
(၁) Explorer ထဲမှ Floder Options ခေါ် မရခြင်း။
(၂) cmd.exe အလုပ်မလုပ်ခြင်း (command)။
(၃) Registry Editor ခေါ်မရခြင်း (regedit)။
(၄) Window Task Manger ခေါ်မရခြင်း (Ctrl+Alt+Del)။
(၅) Anit-Virus များ ဖွင့်မရခြင်း/ ပြုတ်ကျသွားခြင်း။
(၆) အင်တာနက်မှ Virus / Anti-Virus ခေါင်းစဉ် (header) ပါ Web pages များ ဖွင့်မရခြင်း/ပြုတ်ကျခြင်း။
(၇) Virus / Anti-Virus အမည်ပါ Folder များ/ File များ ဖွင့်မရခြင်း။
(၈) စက်လုပ်ဆောင်ချက် တဖြည်းဖြည်း နှေးကွေးသွားခြင်း။
(၉) Anti-Virus များ တင်မရခြင်း။


C: ထဲမှာ ဖိုင်တစ်ဖိုင်ကိုဖွင့်လိုက်ရင် ဒီစာသားတက်လာတာကိုလည်း တွေ့ရတတ်ပါတယ်။
ထိုသို့ Virus တက်နေသော စက်များတွင် Anti-Virus တင်မရခြင်းကြောင့် Format ချရန် နှင့် အခြားစက် တစ်လုံးသို့ Hard Disk Drive အား အခြား Anti-virus ရှိသော စက်သို့ချိတ်ဆက်ပြီး စစ်ခြင်းအပြင် အနည်းမရှိ တော့ပါ။ ထို့အတွက်ကြောင့် ကျွန်တော် မကြာခဏ ခံစားခဲ့ရသဖြင့် Brontok နှင့် Flashy ဗိုင်းရပ်များအား လွယ်လွယ်နှင့် နိုင်မည့် နည်းလမ်းရှာဖွေခဲ့ရာတွင် အသေးစား Anit-virus ကလေးများကို တွေ့ရှိခဲ့ရပါတယ်။ ၄င်း Software ကလေးများဟာ Brontok အတွက် သီးခြားအလုပ်လုပ် ပေးမှာဖြစ်ပါတယ်။ အောက်ပါ (၄)ခု အနက်မှ ကြိုက်ရာကို Download လုပ်ပြီး Virus တက်နေတဲ့ စက်ထဲမှာ ဖွင့်လိုက်တာနဲ့ တော်တော်အသက်ရှု ချောင်သွားပါမယ် ပြီးရင်တော့ Kaspersky လို Bitdefender လို Anti-virus မျိုးကို တင်ထားလိုက်ပေါ့။ အမှား အယွင်းပါခဲ့ရင် ခွင့်လွတ်စေချင်ပါတယ်။ ကျွန်တော်ဟာ အင်္ဂလိပ်စာမှာ အရမ်းအားနည်းတတ်ပါတယ်။
(၁)
CompactbyteAV
(၂) GData Anti...Worm
(၃) Sophos BRONTGUI
(၄) Kaspersky Brontok Removal Tool
(၅)
BitDefender Brontok Removal Tool
(၆) Ogav

No comments: