Sunday, February 3, 2008

Myanmar Chat


ကျွန်တော် Chat လေးတစ်ခုမှာ သူငယ်ချင်းတွေအများကြီးရခဲ့တယ်။ အရမ်းလည်း ချစ်ခင်ကြတယ်။ အရမ်းလဲ စည်းလုံးကြတယ်။ Blog လောက က လူတွေ၊ forum လောက ကလူတွေ အများကြီးပါတယ်။ အဲ့ဒီ Chat ကလေးမှာ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ နေ့ နေ့ ည ည ၀င်ချက်ခဲ့တယ်။ ပြောစရာမရှိရင်တောင် ဒီတိုင်းဖွင့် ထားခဲ့တယ်။ အခု အဲ့ဒီ ချက်လေးလည်း မရှိတော့ပါဘူး။ မှတ်မှတ်ရရ ကျွန်တော်တို့ ချက်လေး ပျက်သွားပြီ ဆိုတာ သိလိုက်ရတော့ အရမ်းဝမ်းနည်းမိတယ်။ စိတ်ထဲမှာလည်း မချိတင်ကဲဖြစ်မိရတယ်။ အဲ့ဒီချက်လေးရဲ့ လိပ်စာကတော့ http://www.mmchat.biz/mirror1 ပဲဖြစ်ပါတယ်။ ကျွန်တော်က ဇော်ဂျီဆိုတဲ့ Nick နဲ့ဝင်ခဲ့တာပါ အခုတော့ သွားမဖွင့်ကြည့်ပါနဲ့ မရှိတော့ပါဘူး။
ဒီလိုနဲ့ နှစ်နဲ့ ချီပြီးကြာလာခဲ့ပါတယ်။ တစ်နေ့မှာ ချက်ထဲက သူငယ်ချင်း တစ်ယောက်က သူ့ Web မှာ Chat လေး တစ်ခု ပြန်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော့် Blog ကို လာကြည့်မိတဲ့ မြန်မာချက် ၀င်ဘူးတဲ့ သူများ အခု ကျွန်တော် ပေးတဲ့ ချက်လေးကို လာခဲ့ကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကျွန်တော်စောင့်နေပါ့မယ်။ ဘယ်သူ့ကို မဆို ကြိုဆိုပါတယ်။ အဲ့ဒီချက်လေးကို သူက မြန်မာနှလုံးသားလို့ အမည်ပေးထားပါတယ်။ ဒီနေရာကနေ ၀င်ရောက်နိုင်ပါတယ် ခင်ဗျာ ။ http://www.mmheart.net/chat

မြန်မာချက်က သူငယ်ချင်း အားလုံးကို တမ်းတလွမ်းဆွတ်စွာဖြင့်
အောင်ချမ်းလင်း

1 comment:

david santos said...

Hello, Aung Chan.
Happy Chenese New Year 2008.
Peace for people of Myanmar.

Until always.

David Santos