Thursday, November 22, 2007

To Myanmar Blogger


ကျွန်တော်တို့ နိုင်ငံမှာ http://www.blogger.com/ ကို ဖြတ်တောက်လိုက်ပါတယ်။ http://???.blogspot.com/ ကစလို့ အကုန်လုံးပါပဲ။ Bagannet ကလေ။ အဲ့ဒီအချိန်မှာ ပြင်းထန်တဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကို တင်ပြခွင့်မရအောင်လို့ပါပဲ။ နိုင်ငံရေး အခြေအနေမှာ ပြန်လည်ငြိမ်သက် သွားသော်လည်း ဘာကြောင့်များ Bagan net က ကျွန်တော်တို့ကို ပြန်ဖွင့်မပေးလဲ MPT တောင်ပြန်ဖွင့်နေပြီပဲ။ သူတို့နည်းနည်းတော့ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အခုဆို ကျွန်တော်တို့ ရန်ကုန်/ မန္တလေး နဲ့ အနယ်နယ် အရပ်ရပ်က Blogger တွေရဲ့ ရေးအား(၇၀%)လောက် လျှော့ကျကုန်တယ်။ www.blogger.com ကို စိတ်ကုန်လို့မဟုတ်ပေမယ့် ဖြတ်တောက်ထားတာကြောင့် Wordpress နဲ့ အခြား Free Blog များကိုရှာဖွေ ရေးသား နေကြတာကို တွေ့ရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော်တို့အားလုံး Blog ကို ဘယ်နေရာက ရရ ဘယ်လိုပဲရရ ကြိုးစားရေးသားသင့်ပါတယ်။ သူငယ်ချင်းများရဲ့ Blog တွေကို ပြေးကြည့်လိုက်တော့ Post လေးတွေ သိပ်မရေးကြတော့တာကို တွေ့ရလို့ ကျွန်တော်လည်း စိတ်အားငယ် ခဲ့ရပြန်ပါတယ်။ မြန်မာပြည်ထဲမှာ Blog ရေးသူတစ်ယောက်ဆိုတာ တော်ရုံတန်ရုံ ၀ီရိယ နဲ့တော့ မရဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ မြန်မာပြည့်ရဲ့ Connection Speed ၊ မြန်မာပြည်ရဲ့ တားမြစ်မှု တွေကို ကျော်ဖြတ်ပြီး ရေးဖို့ တော်ရုံတန်ရုံ ပါရမီနဲ့ မရတာသေချာ ပါတယ်။ တစ်ချို့က ပြောကြသေးတယ်။ Blog ရေးရင် ဖမ်းမှာစိုးလို့ မရေးတော့တာတဲ့။ မိမိအမြင် နဲ့ နည်းပညာတွေကို ထုတ်ဖော်ရေးသားနေတဲ့ Blog ရေးသားတာ ကိုတော့ ရွှေဥာဏ်တော် စူးရောက်စွာဖြင့် ဖမ်းဆီး ပြဿနာရှာမယ်လို့ ကျွန်တော်မထင်မိပါ။ Blogger များ နောက်တွန့်မှုမရှိဘဲ ရှေ့ဆက်လျှောက်သင့်ပါသည်။ အရင်လို ရန်ကုန်/မန္တလေး Blogger တွေ ပျော်ပျော်ရွင်ရွင် စည်းစည်းရုံးရုံးဖြင့် Post များဆက်ရေးပြီး တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်အကြံပြုကြ မယ့်နေရက် တွေကို ကျွန်တော် များမကြာမီ ပြန်ရောက်တော့မယ်လို့ ယုံကြည်ထားပါတယ်။ မြန်မာ Blogger များ ဆက်ကြိုးစားကြပါလို့ ကျွန်တော် တိုက်တွန်း နှိုးဆော်ချင်ပါတယ်။