Saturday, November 17, 2007

How to Clean Brontok Virus ?

တစ်ခါက ကျွန်တော် Post ကလေးတစ်ခုတင်ဖူးပါတယ်။ ဗိုင်းဗိုင်းကိုက်လို့ ဒိုးဒိုးပြုတ်ခြင်း ဆိုတာကို ပေါ့ အခုတော့ အဲ့ဒီ Virus ကို ကျွန်တော် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး အထက်ကျောင်းမှာ ပြန်ပြီး တွေ့ဆုံခဲ့ကြ ရပြန်ပါတယ်။ သူ့ကို Brontok လို့ခေါ်ပြီး Kaspersky နဲ့ BitDefender Anti-Virus များဆိုရင်တော့ ကောင်းကောင်း နိုင်ကြပါတယ်။ ဒါပေမယ့် တစ်ခြား Anti-Virus သုံးသူများအနေနှင့်တော့ အတော်လေးကို ခံစား သွားရမယ်လို့ ထင်ပါတယ်။ Brontok နဲ့ Flashy ဗိုင်းရပ်များ ဟာ အဓိကအားဖြင့် PC (window) တွေကို တိုက်ခိုက်တာဖြစ်ပြီး ၄င်းတို့ ၀င်ရောက်နေပြီဆိုရင် အောက်ပါအတိုင်း မိမိ OS မှာ ပြသာနာဖြစ်ပွားပါတယ် -
(၁) Explorer ထဲမှ Floder Options ခေါ် မရခြင်း။
(၂) cmd.exe အလုပ်မလုပ်ခြင်း (command)။
(၃) Registry Editor ခေါ်မရခြင်း (regedit)။
(၄) Window Task Manger ခေါ်မရခြင်း (Ctrl+Alt+Del)။
(၅) Anit-Virus များ ဖွင့်မရခြင်း/ ပြုတ်ကျသွားခြင်း။
(၆) အင်တာနက်မှ Virus / Anti-Virus ခေါင်းစဉ် (header) ပါ Web pages များ ဖွင့်မရခြင်း/ပြုတ်ကျခြင်း။
(၇) Virus / Anti-Virus အမည်ပါ Folder များ/ File များ ဖွင့်မရခြင်း။
(၈) စက်လုပ်ဆောင်ချက် တဖြည်းဖြည်း နှေးကွေးသွားခြင်း။
(၉) Anti-Virus များ တင်မရခြင်း။


C: ထဲမှာ ဖိုင်တစ်ဖိုင်ကိုဖွင့်လိုက်ရင် ဒီစာသားတက်လာတာကိုလည်း တွေ့ရတတ်ပါတယ်။
ထိုသို့ Virus တက်နေသော စက်များတွင် Anti-Virus တင်မရခြင်းကြောင့် Format ချရန် နှင့် အခြားစက် တစ်လုံးသို့ Hard Disk Drive အား အခြား Anti-virus ရှိသော စက်သို့ချိတ်ဆက်ပြီး စစ်ခြင်းအပြင် အနည်းမရှိ တော့ပါ။ ထို့အတွက်ကြောင့် ကျွန်တော် မကြာခဏ ခံစားခဲ့ရသဖြင့် Brontok နှင့် Flashy ဗိုင်းရပ်များအား လွယ်လွယ်နှင့် နိုင်မည့် နည်းလမ်းရှာဖွေခဲ့ရာတွင် အသေးစား Anit-virus ကလေးများကို တွေ့ရှိခဲ့ရပါတယ်။ ၄င်း Software ကလေးများဟာ Brontok အတွက် သီးခြားအလုပ်လုပ် ပေးမှာဖြစ်ပါတယ်။ အောက်ပါ (၄)ခု အနက်မှ ကြိုက်ရာကို Download လုပ်ပြီး Virus တက်နေတဲ့ စက်ထဲမှာ ဖွင့်လိုက်တာနဲ့ တော်တော်အသက်ရှု ချောင်သွားပါမယ် ပြီးရင်တော့ Kaspersky လို Bitdefender လို Anti-virus မျိုးကို တင်ထားလိုက်ပေါ့။ အမှား အယွင်းပါခဲ့ရင် ခွင့်လွတ်စေချင်ပါတယ်။ ကျွန်တော်ဟာ အင်္ဂလိပ်စာမှာ အရမ်းအားနည်းတတ်ပါတယ်။
(၁)
CompactbyteAV
(၂) GData Anti...Worm
(၃) Sophos BRONTGUI
(၄) Kaspersky Brontok Removal Tool
(၅)
BitDefender Brontok Removal Tool
(၆) Ogav

0 comments: