Monday, July 23, 2007

MDY Blogger

(၂၂-၇-၂၀၀၇) နေ့လည် (၁)နာရီမှာ S_potato ကဖိတ်လို့ ကျွန်တော် MICT ကိုရောက်ခဲ့ရပါတယ်။ အဲ့ဒီမှာ Blog ဟောပြောပွဲလေး ရှိတယ်လေ။ MDY Blogger တွေကိုကျွန်တော် တစ်ယောက်မှ အပြင်မှာ မမြင်ဘူးပါဘူး။ ဒါပေမယ့် ခပ်တည်တည်ပေါ့။ လူလည်လိုလို သိုင်းတတ်တာလိုလိုနဲ့ ကန်တင်းနဲ့ ခန်းမနဲ့ကို (၅)ခေါက်လောက် ပါတ်လျှောက်ပြီး (၁)နာရီအထိုးကို စောင့်ခဲ့ပါတယ်။ ခပ်တည်တည်နဲ့ MICT အလယ်တည့်တည့်က ခန်းမကြီးထဲ မှာ မိန့်မိန့်ကြီးသွားထိုင်လိုက် လူကြီးလူကောင်းလို ပါတ်ကြည့်လိုက်နဲ့ အဟဲ။ ၁၂း၄၅ = ဒီအချိန်အထိ အဲ့ဒီခန်းမထဲ ဘယ်သူမှ ရောက်မလာသေးဘူး ဒါနဲ့ MCPA ဘက်ကိုသွားတော့မှ မေခလာနဲ့တွေ့ရတော့ တာပါပဲ အဟီး မရတနာချို ပါ။ ဒီနေ့သူဟောပြောပါလေ။ ကျွန်တော် မှတ်မိလို့များ မထင်လိုက်နဲ့ ဟုတ်ဘူး။ သူခေါ်လို့ဗျ သူသာ မခေါ်ရင် သွားပြီ ဘယ်ပြေးရမှန်းမသိတော့ဘူး။ သူကကဒ်လေးတစ်ကဒ် ပေးလိုက်တယ် (B)ဆိုတဲ့ တံဆိပ်လေး ပါတယ်။ လာတဲ့သူတွေကိုရှင်းပြရမတဲ့။ သူအလုပ်ရှုပ်နေလို့ ကျွန်တော်လည်း နားစိုက်အောင်တောင် မထောင် လိုက်ရပါဘူးဗျာ။ သူ့ကိုပြောခဲ့တယ် ကျွန်တော် ခန်းမကစောင့်မယ်လို့ အဟီး ခပ်တည်တည်ပဲ။ အလည်ခေါင်ကခန်းမကြီးထဲကို တပ်ကအရာရှိကြီး တွေ ပါမောက္ခတွေရောက်လာတယ်။ ဟောပြောပွဲတက်မှာ ဒီအရာရှိကြီးတွေရောပါသလား လို့တော့ တွေးမိရဲ့။ ဒါပေမယ့် ကိုယ်ဟန်ဖို့ ကြည့်လုပ်ရမှာပဲ လေ။ ကျွန်တော်ရယ် လွင်ကိုလတ် ရယ် နှစ်ယောက်တည်း ထိုင်နေ ခဲ့တယ် (၁)နာရီထိုးပြီ ဘယ်သူမှ ရောက်မလာဘူး။ Blogger ဆိုလို့ ကျွန်တော်တို့ (၂)ယောက်ရှိတာ။ အခမ်းအနား အစီအစဉ်ကြေငြာတော့မှ Blog ဟောပြောဖို့မပါဘူး။ စာတမ်းကပ်ထားတာသေချာ ကြည့်လိုက် တော့မှ ဟာ-------------။ အခန်းမှားလာပြီဗျို့။ ကျွန်တော်တို့တန်းနေအောင်ကို ပြေးခဲ့တယ် MCPA ကိုပေါ့။ အဲ့ဒီလည်းရောက်ရော လူတော်တော်စုံနေပြီ ကျွန်တော်တို့ပဲလိုတော့တာ။ ပါတ်ပါတ်လည်မှာလဲ Blogger တွေ အများကြီးပဲဗျာ။ ဘယ်တော့မှ တွေ့ရမယ်လို့ ထင်မထားတဲ့ ကိုမောင်လှ၊ အရမ်းလှနေတဲ့ မရတနာချို၊ အရမ်း ရယ်ပြတတ်တဲ့ မြလွှာ၊ မိုးကုတ်သူလေး ရွှေပုံ့၊ ဂျပန်လိုလို မြန်မာလိုလို မော်ဒယ်လိုလိုနဲ့ မိုးကုတ်သား ဇော်မိုးအောင်၊ ထမင်းစား ၀တ်စုံ (တိုက်ပုံ)ကြီးနဲ့ ဇော်မျိုးအောင်၊ အနားတမ်း ရိုက်နေတဲ့ ကိုနေကြီး (ဓါတ်ပုံ)၊ ဆေးဆရာ ဒီဇိုင်းနဲ့ ဝေမြင့်မော်၊ မျက်နှာ ဖောင်းဖောင်းလေးနဲ့ S_potato၊ ခပ်တည်တည်နဲ့ ပုဂံနတ်၊ စစ်ကိုင်းက ကိုစစ်ကိုင်း၊ ညီအမ နှစ်ယောက်လို့ပြောတဲ့ ပေါက်ပေါက်ဆုပ် နဲ့ နှစ်ကူး၊ ခပ်ပိန်ပိန် သခင်ကြီးနဲ့ ဦးထိပ်၊ ဆြာဘ၊ နောက်ထပ်ကျန်သေးတယ် အများကြီးပဲ။ မန်းလေး blogger အကုန်လုံးနီးနီးလာတယ် လို့ဆိုလို့ ရတယ်ဗျာ။
အဲ့ဒီပွဲမှာ ကို ဇော်မိုးအောင်က အခမ်းအနားမှူး၊ မရတနာချိုက ဟောပြောတယ်။ တကယ်ကောင်းပါတယ်။ တော်တော်လေးကို စုံစုံလင်လင်ပါတယ်။ မထင်မှတ်ပဲ Blogger အများကြီးနဲ့ဆုံခဲ့ရတယ်။ အခန်းထဲ အခန်းပြင် အပြည့်နဲ့ နားထောင်သူတွေ များပြားလှပါတယ်။ စာနယ်ဇင်းတွေလဲ တက်ရောက်ကြပါတယ်။ နိုက်ကလပ် ရောက်နေသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ မရပ်မနား ကင်မရာတွေ တဖျက်ဖျက်နဲ့ ဒါတောင် ကျွန်တော် ကင်မရာယူသွားဘူး။ မျက်လုံးကိုကြိမ်းနေတာပဲ။ ဟောပြောပွဲအပြီးမှာ တက်ရောက်သူတွေကို ကျွန်တော်တို့ Blogger တွေကိုယ်တိုင်က Blog ရေးသားနည်းနဲ့ ပါတ်သက်လို့ သင်ကြာပေးရတယ်။ မေးတာတွေ ဖြေခဲ့ရတယ် ဘုရားပွဲကြီးကျနေတာပဲ ဆူညံနေပြီး ပျော်စရာအရမ်းကောင်းတယ်။ ဒစ်စကို မီးတွေကလည်း တဖျက်ဖျက်နဲ့။ မရတနာတို့ ကျွေးတဲ့ သစ်သီးစုံကို (၄)ပါတ်ပြည့်အောင် လှည့်စားခဲ့ရသေးတယ် အမှတ်တရ ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့ကြတယ်။ နံရံကပ် Cbox ကြီးမှာလဲ ဆော့ပင်တွေနဲ့ လျှောက်ခြစ် ကြတယ်။ ဘာပဲဖြစ်ဖြစ်ဒီနေ့ကတော့ ဘ၀တစ်ခုလုံးရဲ့ အမှတ်တရထဲက အမှတ်တရ နေ့လေးပါပဲ။


ဟောပြောပွဲလေး


စီဘောက်ကြီးနဲ့ အမှတ်တရ



ဘယ်ဘက်စွန်းကကျွန်တော် အနက်နဲ့ ကိုမောင်လှ


အမှတ်တရ post များတင်ကြ


လက်မလည်အောင် ဈေးဦးပေါက်တဲ့ ကျွန်တော်နဲ့ တိုက်ပုံဝတ်ထားတဲ့ ဇော်မျိုးအောင်
အောင်ချမ်းလင်း
Aung Chan Lin

No comments: