Friday, May 4, 2007

Hill Cafe In Mogok

Hill View Café (Aye Yeit) မိုးကုတ် က အေးရိပ်

အားလုံး လက်ဖက်ရည်ဆိုင်ဆိုတာကို ထိုင်ဘူးကြမှာပါဗျာ။ တောင်ထိပ် တစ်ခုမှာ ရှုခင်းအပြည့်နဲ့ အစားအသောက်ကောင်းကောင်း ဆိုင်လေးတွေကို လည်း ရောက်ဖူးကြ မယ်လို့ထင်ပါတယ်။ အခု ကျွန်တော် တင်ပြချင်တာကတော့ တစ်ခြားမဟုတ်ပါဘူး မိုးကုတ်မြို့ (အနောက်ပိုင်း)ရဲ့ ရှုခင်းအားလုံးကို တစ်ဝကြီးကြည့်လို့ရမယ့် ရှုခင်းနဲ့ စိမ်းစိုတဲ့ လက်ဖက်ခင်း ကြားမှာ ကောင်းမွန်သန့်ရှင်းတဲ့ အစားအသောက်များကို သုံးဆောင်လို့ ရခဲ့တာကို ပြောပြချင် ပါတယ်။ အဲ့ဒီဆိုင်လေးက မိုးကုတ်မြို့ (အနောက်ပိုင်း) ဒေါ်နန်းကြည့်တောင် တစ်ဝက်မှာ တည်ရှိပါတယ်။ အမည်ကတော့ (အေးရိပ်)ပါတဲ့ခင်ဗျာ။

ရှုခင်း

ရှုခင်းအနေဖြင့် မိုးကုတ်မြို့ (အနောက်ပိုင်း) အ၀င်မှ စပြီး မိုးကုတ်မြို့ (အရှေ့ပိုင်း) မိုးမိတ်မြို့ အထွက်လမ်းအထိအောင် လှမ်းမြင်နိုင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေညင်းလေးရယ်၊ လက်ဖက်ခင်းအနံ့အသက်လေးရယ် ကိုရှုရှိက်နိုင်ပါတယ်။

မြင်ရမယ့် မိုးကုတ် - ကျပ်ပြင် အ၀င်ရှုခင်း

မိုးကုတ် - ကျပ်ပြင် မြို့လယ်ခေါင် နှင့် ပင့်ကူတောင်စေတီ
မိုးကုတ် - ကျပ်ပြင် မြို့လယ်ခေါင်
ပင့်ကူတောင်စေတီနှင့် ဘုန်းတော်ကြီးကျောင်း
လက်ဖက် တစ်ခင်း ရှုခင်းတွေနဲ့အတူ
မိုးကုတ် - ကျပ်ပြင် မြို့လယ်ခေါင်ရှုခင်း
ကြည်နူးဖွယ် စေတီလေးတွေ
လက်ဖက်ခင်းကြားက လက်ဖက်ရည်ဆိုင်

အစားအသောက်

အဆင့်မှီတဲ့ အစားအသောက်အားလုံးကိုရနိုင်ပါတယ်။ ဒံပေါက်ကနေ ဟန်ဘာကာ အပါအ၀င် က်ာဖီလေးတစ်ခွက် အထိအကုန်ရနိုင်ပါတယ်။ သန့်ရှင်းတယ်၊ လတ်ဆတ်တဲ့ အစား အသောက် တွေပါပဲ။ ဈေးနှုန်းကလည်း မများလှပါဘူး။
လက်ဖက်ခင်း ရှုခင်းတွေနဲ့ ကျွန်တော်
အေးရိပ်ဆိုသော ဆိုင်ကလေး
ဆိုင်ကလေးရဲ့ အ၀င်ပေါက်
အသားကုန်စားနေတဲ့ ကျွန်တော်
နည်းနည်းပဲ စားတာပါ (သေအောင်မျိုတာပဲ မသေလို့)
ကျွန်တော်နေခဲ့တဲ့ အထက်တန်းကျောင်းကို မြင်ရမယ်
လက်ဖက်ရည်ဆိုင်တည်ရှိတဲ့ ဒေါ်နန်းကြည့်တောင် အပေါ်ပိုင်း
နှစ်ယောက်သား ဘယ်လောက်စားသလဲလို့

ဆိုင်ရှင်နဲ့တော့အမျိုးလည်း မတော်ပါဘူး ဒါပေမယ့် ကျွန်တော်သဘောကျလွန်းလို့ အဲ့ဒီဆိုင် လေးနဲ့ မိတ်ဆက် ပေးပါရစေ။ မိုးကုတ် ကို မိတ်ဆွေများရောက်ခဲ့တယ်ဆိုရင် မိုးကုတ်မြို့ (အနောက်ပိုင်း) ဒေါ်နန်းကြည့်တောင် က အေးရိပ် လက်ဖက်ရည်ဆိုင်လေးကို ၀င်ကြည့် ကြပါဦး။

အောင်ချမ်းလင်း Aung Chan Lin.

3 comments:

Chan Mya Soe said...

အဲလို တောင်ပေါ်မြို့လေးက ရှူ့ခင်းကောင်းတဲ့ ဆိုင်လေးမှာ ထိုင်ချင်တယ် ... ဘာလို့မှန်းတော့မသိဘူး .. တောင်ပေါ်မြို့တွေကို နှစ်သက်တယ် :)

Unknown said...

ဓာတ်ပုံကြည့်တာနဲ့တင် အဲ့ဒီဆိုင်ကလေးကို အရမ်းလာချင်နေပြီ..တောင်ပေါ်လက်ဖက်ခင်းကြားထဲမှာ လက်ဖက်ရနံ့လေး နဲ့ စားကလဲစားရသေး၊ ရှုခင်းကလဲမြင်ရသေး..ဇိမ်ပဲ..ဇိမ်ပဲ..woww..
ကျေးဇူးတင်လိုက်တာ ဒီလိုဆိုင်လေးဖွင့်ထားပေးတာ..

တေလေငှက်ငယ် said...

ကျွန်တော်လဲ မိုးကုတ်ကပါဘဲ
ကျွန်တော် အမြဲသွားနေကျနေရာလေးပါ
အေးရိပ်က
ကျွန်တော်ကို အရင်လို ခံစားမှုမျိုးပေးပါတယ်