Wednesday, April 11, 2007

Pre - Waterfestival

သင်္ကြန်အတွက် အကတိုက်နေကြပြီ
ကျွန်တော် (၂၆)လမ်းကိုအဖြတ်မှာ လမ်းပိတ်ထားတာကိုသွားတွေ့ရပါတယ်။ ကြည့်လိုက်တော့ တူညီဝတ်စုံတွေနဲ့ ကလေးငယ်ကလေးတွေ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နားမှာ အကတိုက်နေတာကို တွေ့ရတာနဲ့ မနေနိုင်တဲ့ ကျွန်တော့်လက်တွေက ထုံးစံအတိုင်း ကင်မရာသရမ်းလိုက်ပြန် ပါတယ်။ သူတို့ခွင့်ပြုချက်မရဘဲ သူတို့ ပုံလေးတွေ တင်မိလို့တော့ ၀မ်းနည်းမိပါတယ်။ အင်အားတော်တော်များပါတယ်။ အနည်းဆုံး ဦးရေ(၁၅၀၀) အောက်တော့ မလျှော့နိုင်ပါဘူး။ မြို့မငြိမ်းရဲ့ မရိုးနိုင်တဲ့ သင်္ကြန်သီချင်းတွေနဲ့အတူ ကိုဇော်ဝင်းထွဋ်ရဲ မဟာသီချင်းတို့ကို ပေါင်းစပ် ပြီး မန္တလေး သင်္ကြန်ဖွင့်ပွဲ အတွက် အကတိုက်လေ့ကျင့်နေကြပါတယ်။ အဲ့ဒီ အမျိုးသမီးငယ်လေး များကတော့ မြို့ပေါ်ကျောင်းများက ဖြစ်တယ်လို့ သိခဲ့ရပါသေးတယ်။ နေပူကျဲတဲကြီးထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်နေကြပါတယ်။

1 comment:

Anonymous said...

Where r u aung chan lin ?
this is 22nd april, over thingyan