ကျွန်တော် စိတ်ရောင်စုံ
ရေးဆိုလို့လိုက်ရေးတာမဟုတ်ရပါဘူး။ ကျွန်တော်စိတ်ဝင်တစားနဲ့ မိမိကိုယ်မိမိ ပြန်သုံးသပ်ပြီး ရေးထားတာပါ။ ဘွင်းဘွင်း ဖွင့်ဟ၀န်ခံချက်လေးလို့ ဆိုပါရစေ။ ကျွန်တော့် ကို တတ်နဲ့ ကိုကျော်မင်းဦးရေ ရေးပြီဗျို့။---- ဗိုင်းရပ်ထွင်သူများ နှင့် အလုပ်မရှိ ချက်တင်တွင် မိန်းကလေးများ လိုက်ကြူနေသူများကို ကြည့်မရပါ။
- အလုပ်များကို မလုပ်လျှင် လုံးဝမလုပ်ပါ။ လုပ်လျှင်လည်း ဘယ်နှစ်လကြာကြာ အခန်းထဲကမထွက်တတ်ပါ။
- သီချင်းအေးအေးလေးများ၊ ဓါတ်ပုံလှလှများကို နှစ်သက်စွဲလမ်းမိသည်။
- မနက်မိုးလင်းလျှင် ဖန်စိမ့် လေးတစ်ခွက်နှင့် ဆေးလိပ်လေးခဲပြီး ပလာတာလေးဝါးလိုက်ရမှ၊ ညနေ စောင်းလျှင် မုန့်ပျားသလက်နဲ့ ဘယာကြော်လေးဝါးချင်သည်။
- ကပ်ဖားယက်ဖားလုပ်သူများ၊ ပညာရှိုသူများ၊ ဟိန်ဟန်ကြီးသူများကို လုံးဝကြည့်မရ။
- ကွန်ပျူတာရှေ့ထိုင်နေရလျှင် ကမ္ဘာကြီးကိုပင် မေ့နေတတ်သည်။
- ကင်မရာလေးတစ်လုံးနဲ့ လက်သရမ်းရတာကို မက်မောမိသည်။
- တစ်ရက်ကို Sky Wark သုံးခါလောက်သွားချင်သည်။ (အတို၊ အကွဲ၊ အကြပ်၊ အဟိုက်များအား ကမ္မဌာန်းရှုချင်သောစိတ်ရှိ၏)
- တစ်လတစ်ခါ ခရီးတစ်ခုခုထွက်တတ်သည်။ (နီးနီး ဝေးဝေး သွားရရင်ပြီးရော)
- ထူပူနေအောင် အလုပ်များလေ့ရှိသည်။ ထိုအခါမျိုးတွင် ခေါင်းရှုပ်တိုင်း ရေထချိုးသည်။
- ဘာစားစား၊ ဘာသောက်သောက် ပန်းကန်/ဖန်ခွက် နှုတ်ခမ်းပဲ့နေလျှင်/ကွဲနေလျှင် လုံးဝ(လုံးဝ) မစား မသောက်ပါ။
- တစ်ခါတစ်ရံ ကလေးဆန်ဆန် အခန်းတံခါးပိတ်ပြီး ဖတ်ဖတ်မောအောင် သီချင်းတွေ အော်ဆိုပြီး က နေတတ်သည်။
- ဒေါသဖြစ်လာတိုင်း ရေနွေးကို ဖန်ခွက်ထဲ ဖြည်းဖြည်းချင်းငဲ့၏၊ ရေနွေးပူပူကို မှုတ်ပြီးသောက်၏၊ စာရွက်ပေါ်တွင် ၀လုံးကြီးကြီးများအား ၀ိုင်းစက်နေအောင် ရေးခြစ်တတ်၏။
- ဖြစ်နိုင်လျှင် ဂျိမ်းစဘွန်းလို စုံထောက်ကြီးဖြစ်ချင်၏။
- လွယ်လွယ်နှင့် ကတိပေးပြီး ဖြစ်အောင်မလုပ်နိုင်သူများကို မုန်း၏။
- မွေးရပ်မြေ (မိုးကုတ်)အား အရမ်းခင်တွယ်၏။ တောင်ပေါ်မြေတွင် အခြေချနေထိုင်ချင်၏။
No comments:
Post a Comment