ဒီနေ့ မန္တလေးမြို့ ကျက်သရေဆောင် ရတနာပုံဈေးကြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ 25-2-2008 ရက်နေ့ မနက် 08း20 အချိန် ရတနာပုံဈေးအောက်ထပ်ရှိ အသင့်ချုပ်ပြီး အထည့်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ ၀ါယာလျှော့ဖြစ်သဖြင့် စတင်လောင်ကျွမ်းခဲ့ပြီး ရတနာပုံဈေး တစ်ခုလုံး လောင်ကျွမ်းခဲ့ပါသည်။ ညနေ (၄)နာရီ အချိန်ခန့်တွင် မီးညွှန့်ကျိုးခဲ့ပြီး ည(၁၁)နာရီတိုင်အောင် မီးကျွင်းမီးကျန်များ ငြိမ်းသတ်နေဆဲဖြစ်ပါသည်။ မီးသတ် ကား (၆၄)စီးခန့်၊ မီးသတ် (၃၀၀)ဦးခန့်၊ ရဲ (၅၀၀)ဦးခန့်၊ ကြက်ခြေနီ (၁၀၀)ဦးခန့်၊ ဘုန်းတော်ကြီး (၃၀၀)ပါးခန့်၊ ပြည်သူ (၁၂၀၀)ဦးခန့် ၀င်ရောက်မီးငြိမ်သတ်ခဲ့ကြပါသည်။ ၀ိုင်းကြည့်တာတော့ တစ်မြို့လုံးနီပါး ပေါ့နော့။ ရတနာပုံဈေး၊ မြေညီထပ်၊ (ဃ)ရုံက ဆိုင်ခန်းအမှတ် (၂၆၁)၊ စက်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တွမ်းလင်းဖိန် ဆိုင်မှ ၀ါယာလျှော့ဖြစ်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း (၁၅၅၈)ခန်း လောင်ကျွမ်းခဲ့ပါတယ်။
ကျွန်တော်ကတော့ မီးလောင်နေတာကို ပွကြီးလုပ်ပြီး ဓါတ်ပုံဝင်ရိုက်ခဲ့ပါတယ်။ ကြည့်ကောင်းမယ့်ပုံများကို အပင်ပန်းခံ တင်ပေးလိုက်ပါတယ်။ မြေညီထပ်နဲ့ ပထမထပ် မီးလောင်ကျွမ်းပုံများကို အနီးကပ် ရိုက်ကူး နိုင်ခဲ့ ပါတယ်။ ပြေးရင်းလွားရင်း ရိုက်ခဲ့ရတာမို့ ၂၀% လောက်တာ ဓါတ်ပုံတွေက ကြည့်ကောင်းပါတယ်။ အောက်မှာ ရှုစားနိုင်ကြပါတယ်။ ဒီမှာကြည့်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်လို့ ညွှန်းဆိုပါတယ်။ http://s244.photobucket.com/albums/gg38/koaungchan/yadanarpone%20zay/ ေ

Fire in mandalay union of myanmar
aung chan lin
14 comments:
Excellent compilation of photos.
Thanks and good job there.
Thanks for the photos.
impressive! good work. you were allowed to enter the places as a photo-reporter?
Thanks for sharing the photos. I'm not trying to be bossy but you should have add watermark on your photos 'cuz other people will use them without asking permissions from you.
thank........u
အခုလို တကူးတက ၀င်ရိုက်တဲ့ အတွက် ကျေးဇူးတင်မိပါတယ်။ လုံးဝ လေးစားတယ် ဗျာ ..
ကိုတိုး
ကျေးဇူးတင်တယ်ဗျာ
ပုံတွေကြည့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်၊
သတင်းစာ သတင်းမှာ ဘာပုံမှမပါဘူး
very nice photo.
You are very clever.
Thank you very much for your photos.
thanks for your courage and photo.
we will try our best in future to buid the our beloved nation together.
ဓါတ်ပုံတွေကြည့်ရတဲ့အတွက်ကျေးဇူးပါပဲနော်
Thank u for ur photos.
Thanks for the pics.
Post a Comment