Friday, October 26, 2007

ရေးမိရေးရာ၊ တွေးမိတွေးရာ

ဘာလိုလိုနဲ့ သီတင်းကျွတ် မီးထွန်းပွဲကြီး တောင် တစ်ပါတ်ပြန်လာပြန်ပါပြီ။ အရင်နှစ်ကလိုပဲ မိန်းမမရသေးပါ။ အရင်နှစ်ကလိုပဲ မိဘကို မကန်တော့လိုက်ရပါ။ အရင်နှစ်ကလိုပဲ ချစ်သူကို မယုယလိုက်ရပါ။ အရင်နှစ်ကလိုပဲ ကျွန်တော် မီးမထွန်းခဲ့ရပါ။ အရင်နှစ်ကလိုပဲ ကျွန်တော်မျက်ရည်မကျတော့ပါ။ ကျွန်တော်သာ ဘာမှ မထူးခဲ့ပေမယ့်။ အရာရာကတော့ များစွာ ထူးခြားပြောင်းလဲနေပါသည်။ အပြင်လောကကြီးဟာ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ မနှစ်ကနဲ့ ဘာမှ မဆိုင်တော့ပါ။ မနှစ်ကလိုမအေးချမ်းတော့ပါ။ တင်းကြပ်မှုဖြင့် ပြည့်နှက်ခဲ့၏။ သို့သော် မနှစ်ကလို ကျွန်တော်ဝင်မပါတော့ပါ။ မနှစ်ကလို ကျွန်တော် မစပ်စုတော့ပါ။ ကျွန်တော်သည် မြန်မာထဲမှ မြန်မာတစ်ယောက်ဖြစ်သည်။ ပုံပြင်ထဲက ရွှေကျားကြီးလည်း ကျွန်တော် မဟုတ်ပါ။ မင်းသားလေးလည်း ကျွန်တော်မဟုတ်ပါ။ ရွှေယုန်လေးအပြောမှာ မမျှောနေချင်တော့ပါ။ ခေတ္တရပ်နားသွားသော Blog လောကကြီးလည်း သီတင်းကျွတ်နဲ့အတူ ပြန်လည်မွေးဖွားကြပါစို့လားဗျာ။ အားလုံး မင်္ဂလာပါ ကျွန်တော်လည်း ရေးချင်ရာကို ထုံစံအတိုင်း ပြန်လည် တင်ဆက်သွားပါတော့မယ်။

No comments: