Monday, April 23, 2007

Journey To Mogok

မွေးရပ်မြေသို့ အလည်တစ်ခေါက် (ခ) Journey To Mogok
ကျွန်တော် (၁၂-၄-၂၀၀၆)ရက်နေ့ သင်္ကြန်အကြိုနေ့ မတိုင်မီတစ်ရက်မှာ မွေးရပ်မြေလေးကို အလည် တစ်ခေါက်တော့ ပြန်ဖြစ်ခဲ့ပါတယ်။ အရင်ကလို တောင်ပေါ်လေအေးအေး လေးကို ရှုရှိက်ချင်တယ်၊ အရင်က မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ပြန်ဆုံချင်တယ် အဲ့ဒီဆန္ဒလေးတွေကြောင့် သွားဖို့ အကြောင်းဖန်လာခဲ့ တာပါ။ သင်္ကြန်တွင်းဆိုတော့ လိုင်းကားတွေမရှိတော့ဘူးလေ။ ကျွန်တော်လည်း ဆိုင်ကယ်(၁)စီးနဲ့ မိုင်(၁၂၀) ကျော်ဝေးတဲ့ခရီးကို နေ့လည်(၂)နာရီမှာ တစ်ယောက်တည်း ထွက်ခဲ့ပါတယ်။ လမ်းမှာ ကင်မရာတစ်လုံးနဲ့ လက်သရမ်းရင်း မောင်းလာလိုက်တာ ည(၁၀)နာရီထိုးမှ မိုးကုတ်ကို ရောက်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အားလုံးပို့သတဲ့ မေတ္တာတွေကြောင့် ဘာဆိုဘာမှ ပြဿနာမဖြစ်ခဲ့ပါဘူး။ ချောချောမွေ့မွေ့ပါပဲ။ ဓါတ်ပုံတွေ ကိုတော့ သည်းခံပြီး ကြည့်ပေးစေချင်တယ်။ ကိုယ်တိုင်ရောက်သွားသလို ခံစားနိုင်ကြပါစေ -
မိုးကုတ်မသွားမီ လမ်း(၃၀)မှာ ရိုက်ထားတာပါ
မန္တလေးတောင်ခြေက မိုးကုတ်ထွက်တဲ့လမ်း
မန္တလေးတောင်တော်ပါ
ဒီလိုစိမ်းစိုနေတဲ့ရှုခင်းတွေနဲ့ မတ္တရာ၊ စဥ့်ကူးတစ်လျှောက် ဖြစ်သန်းခဲ့ရပါတယ်
မတ္တရာမြို့ မရောက်မီ တစ်နေရာ
မတ္တရာမြို့ (မိုးကုတ်လမ်းခွဲ)
မတ္တရာ အ၀င်က သပ္ပါယ်ဘွယ် စေတီလေး
ဒါတော့ အဝေးကြည့်လေးပါ
တံငါ တံတားပေါ်ကနေ တံငါချောင်းရဲ့ရေပြင်ပါ
ကလေးတွေ ဒီလိုပျော်နေကြတယ်
ရေနံ့သာအနီး လမ်းဘေးက လူသွားလမ်းလေး
အမည်မသိတောင်တော် (ရေနံ့သာ)
လက်ပန်လှကျေးရွာ(မိုးကုတ်လမ်းခွဲ)
လက်ပန်လှရွာမှာပဲ မိုးကုတ်ကို ခရီးသွားတဲ့ကားအားလုံး ခဏရပ်နားပြီး နေ့လည်စာ စားသုံးကြပါတယ်။ စားသောက်ဆိုင်တွေကတော့ တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့်ကျွန်တော်ဝင်မစားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရောက်တော့ ညနေ (၄)နာရီပါ။
သင်္ကြန်တွင်း ယိမ်းကနေသည့် လက်ပန်လှတံတား
လမ်းတစ်လျှောက်ရှုခင်းလေး
ခြောက်သွေ့နေသော သစ်ပင်များနှင့်
ဖော့တောတံတား
မတ္တရာ-စဥ့်ကူး လွင်ပြင်ကြီးကို မိုင်(၆၀)ကျော် ဖြတ်သန်းပြီးတာနဲ့ ပထမဆုံး တောင်တက်တွေနဲ့ စတွေ့ရမယ့် နေရာကလေးပါ။ ပုံမှာပါတဲ့ အနီရောင်ဆိုင်းပုဒ်ကတော့ (ခွင့်ပြုချက်မပါသော နိုင်ငံခြားသားများ သွားလာခွင့်မပြု)
ခေါင်းပေါ်မော့ကြည့်ပြီး လက်သရမ်းလိုက်တာ
ဖော့တော စစ်ဆေးရေးဂိတ်
ဖော့တောအထက်ကနေ တောင်အောက်ကိုပြန်ရိုက်ထားတာပါ
ဟိုးဝေးဝေးမှာ မုန်ပြပြ သပိတ်ကျင်းကို မြင်ရမှာပါ
တောင်ပေါ်လမ်းတစ်နေရာ
မှောင်နေပါပြီ ကင်မရာလေးကို ဖြစ်ညစ်ရိုက်ထားတာ
ဒါလဲအမှောင်ထဲက အုံဒါန်ရွာလေးပါ (အလင်းထည့်ထားတာ)
မိုးကုတ်မြို့ အ၀င် ကျောက်ဖားရပ်
ည(၁၀)နာရီမှာ မိုးကုတ်ကို ရောက်ရှိတာဖြစ်လို့ နောက်နေ့မှ လမ်းကြုံတုန်း ရိုက်ထားတာပါ။ အင်္ကျီ လက်ရှည် ဘောင်းဘီတိုနဲ့ ကို့လို့ကန့်ကန့်နဲ့ကောင်လေးက ကျွန်တော်ပါ။
ကျောက်ပြဿာဒ်ရွာ ကို နေ၀င်ချိန်အဝေးက မြင်ကွင်းလေးပါ
အဲ့ဒီရွာမှာ ကျွန်တော် မွေးတာပေါ့

ကျောက်ပြဿာဒ်ရွာက ဆုတောင်းပြည့် ပြည်လုံးချမ်းသာ စေတီတော်
ဘုရားပေါ်ကနေ ရွာထဲကို မြင်ရတာပါ
မိုးကုတ်မရောက်မီ ကပိုင်တောင်ပါ
တောင်နှစ်လုံးကြားကလှမ်းမြင်ရတာမိုးကုတ်မြို့(အရှေ့ပိုင်း)ပါ
လိပ်ပြာကြီးကတော့ ရွှေလိပ်ပြာ မိုတယ်ပါ
အပေါ်ပုံရဲ့ ညာဘက်က ရွှေလိပ်ပြာ ခရဇ်ယာန် ဘုရားရှိခိုးကျောင်းပါ
မိုးကုတ်(အနောက်ပိုင်း)အ၀င်က ပင့်ကူတောင်ပါ
မိုးကုတ်မြို့ကို မိုးမိတ်သွားတဲ့လမ်းက ရိုက်ထားတာ
မိုးကုတ်မြို့လယ်ခေါင်လို့ ဆိုရမပေါ့
ကြည်နူးစဖွယ်ရှုခင်းပါ
ကြေးစင်တောင်
မိုးကုတ်(အနောက်ပိုင်း)က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း
ကျောက်ပြဿာဒ်ရွာမှ နေချင်စဖွယ်အိမ်လေး
တောင်စွန်းလေးများ
ကင်းချောင်း ရေတံခွန်
မိုးကုတ်ကနေ ကျောက်မဲကိုထွက်တဲ့ လမ်းဘေးမှာရှိတဲ့ချောင်းလေးပါ။ ရေတံခွန်လေးနဲ့ အရမ်းကို သာယာပါတယ်။ အဲ့ဒီမှာ ကျွန်တော် ရေချိုးခဲ့ပါသေးတယ်
ကင်းချောင်းရေတံခွန်
ကင်းချောင်းထဲက သူငယ်ချင်းတစ်ယောက်
ငယ်သူငယ်ချင်း(၃)ယောက်
ဘယ်ဘက်ကကျွန်တော်ပါ၊ အလယ်က ရေချမ်းတဲ့ သူက ကျောက်တွင်းလုပ်နေတာပါ၊ ညာဘက်က အောင်ထွန်းဦး တဲ့။
သူငယ်ချင်းလုပ်နေတဲ့ ကျောက်တွင်း
စက်ကြီးများနှင့် အင်းဗြဲကျောက်တွင်း
ဗြုံးများဆေးနေပုံ
ဇကာဝိုင်းနဲ့ ကျောက်လှည့်ရှာနေတာပါ
မိုးကုတ်ရောက်မှ ဘ၀ပျက်နေတဲ့ ကျွန်တော့်ဆိုင်ကယ်
မိုးကုတ်မှာ တစ်ချို့ ရပ်ကွက်တွေ ရေရှားပါတယ်
စာကြွင်း။ အကြောင်းအမျိုးမျိုးကြောင့် ဒီဓါတ်ပုံတွေ မတင်ဖြစ်ပဲကြာသွားရပါတယ်။ ထပ်တင်ပါဦးမယ်ဗျာ။
အောင်ချမ်းလင်း

2 comments:

Chan Mya Soe said...

မိုးကုတ်မြို့လေး အရမ်းလှတယ်။ သူငယ်ချင်းတွေကလည်း ခဏခဏပြောတယ်။ ပြန်လာရင်တော့ ရောက်အောင်သွားမယ်ကွာ။ :)

Aung Chan Lin said...

ကိုချမ်းမြစိုးရေ လိုက်ပို့ပါ့မယ် ဆိုင်ကယ်နဲ့