Sunday, April 29, 2007

ကျွန်တော့် စိတ်ရောင်စုံ

ကျွန်တော် စိတ်ရောင်စုံ
ရေးဆိုလို့လိုက်ရေးတာမဟုတ်ရပါဘူး။ ကျွန်တော်စိတ်ဝင်တစားနဲ့ မိမိကိုယ်မိမိ ပြန်သုံးသပ်ပြီး ရေးထားတာပါ။ ဘွင်းဘွင်း ဖွင့်ဟ၀န်ခံချက်လေးလို့ ဆိုပါရစေ။ ကျွန်တော့် ကို တတ်နဲ့ ကိုကျော်မင်းဦးရေ ရေးပြီဗျို့။---
  1. ဗိုင်းရပ်ထွင်သူများ နှင့် အလုပ်မရှိ ချက်တင်တွင် မိန်းကလေးများ လိုက်ကြူနေသူများကို ကြည့်မရပါ။
  2. အလုပ်များကို မလုပ်လျှင် လုံးဝမလုပ်ပါ။ လုပ်လျှင်လည်း ဘယ်နှစ်လကြာကြာ အခန်းထဲကမထွက်တတ်ပါ။
  3. သီချင်းအေးအေးလေးများ၊ ဓါတ်ပုံလှလှများကို နှစ်သက်စွဲလမ်းမိသည်။
  4. မနက်မိုးလင်းလျှင် ဖန်စိမ့် လေးတစ်ခွက်နှင့် ဆေးလိပ်လေးခဲပြီး ပလာတာလေးဝါးလိုက်ရမှ၊ ညနေ စောင်းလျှင် မုန့်ပျားသလက်နဲ့ ဘယာကြော်လေးဝါးချင်သည်။
  5. ကပ်ဖားယက်ဖားလုပ်သူများ၊ ပညာရှိုသူများ၊ ဟိန်ဟန်ကြီးသူများကို လုံးဝကြည့်မရ။
  6. ကွန်ပျူတာရှေ့ထိုင်နေရလျှင် ကမ္ဘာကြီးကိုပင် မေ့နေတတ်သည်။
  7. ကင်မရာလေးတစ်လုံးနဲ့ လက်သရမ်းရတာကို မက်မောမိသည်။
  8. တစ်ရက်ကို Sky Wark သုံးခါလောက်သွားချင်သည်။ (အတို၊ အကွဲ၊ အကြပ်၊ အဟိုက်များအား ကမ္မဌာန်းရှုချင်သောစိတ်ရှိ၏)
  9. တစ်လတစ်ခါ ခရီးတစ်ခုခုထွက်တတ်သည်။ (နီးနီး ဝေးဝေး သွားရရင်ပြီးရော)
  10. ထူပူနေအောင် အလုပ်များလေ့ရှိသည်။ ထိုအခါမျိုးတွင် ခေါင်းရှုပ်တိုင်း ရေထချိုးသည်။
  11. ဘာစားစား၊ ဘာသောက်သောက် ပန်းကန်/ဖန်ခွက် နှုတ်ခမ်းပဲ့နေလျှင်/ကွဲနေလျှင် လုံးဝ(လုံးဝ) မစား မသောက်ပါ။
  12. တစ်ခါတစ်ရံ ကလေးဆန်ဆန် အခန်းတံခါးပိတ်ပြီး ဖတ်ဖတ်မောအောင် သီချင်းတွေ အော်ဆိုပြီး က နေတတ်သည်။
  13. ဒေါသဖြစ်လာတိုင်း ရေနွေးကို ဖန်ခွက်ထဲ ဖြည်းဖြည်းချင်းငဲ့၏၊ ရေနွေးပူပူကို မှုတ်ပြီးသောက်၏၊ စာရွက်ပေါ်တွင် ၀လုံးကြီးကြီးများအား ၀ိုင်းစက်နေအောင် ရေးခြစ်တတ်၏။
  14. ဖြစ်နိုင်လျှင် ဂျိမ်းစဘွန်းလို စုံထောက်ကြီးဖြစ်ချင်၏။
  15. လွယ်လွယ်နှင့် ကတိပေးပြီး ဖြစ်အောင်မလုပ်နိုင်သူများကို မုန်း၏။
  16. မွေးရပ်မြေ (မိုးကုတ်)အား အရမ်းခင်တွယ်၏။ တောင်ပေါ်မြေတွင် အခြေချနေထိုင်ချင်၏။
ကဲ အကိုတို့ ရေ ပြီးပြီ ဗျို့ ရှက်တော့ ရှက်စရာကြီးနော်ဟီးဟီး

No comments: