Friday, February 23, 2007

မာန်တင်းထား (သို့) စိတ်အစာ

အကောင်းဆုံးကို မျှော်လင့်ထားတယ်မဟုတ်လား အဆိုးဆုံးဖြစ်လာပြီ ဆိုတော့ မင်းဘယ်ရှောင်နေလို့ရမှာလဲ။ ရင်ဆိုင်လိုက်ပေါ့၊ ဘာလဲမျက်ရည်စမ်းချောင်း ကလေးကိုမင်းချိုမြိန်နေလို့လား၊ မျက်ရည်နဲ့အတူစိတ်အားငယ်မှုတွေကို ညစ်ထုတ် ပစ်လိုက်၊ ရှိုက်သံတွေနဲ့အတူ စိတ်အားငယ်မှုတွေကိုလွင့်ထုတ်လိုက်၊ ဒေါသတွေ အား လုံး ခေါင်းအုံးလေးပေါ်ပုံချလိုက်၊ လောဘတွေအားလုံးကို တရားတော်နဲ့ ဆေးကြော လိုက်၊ ကျိုးပျက်သွားတဲ့ မျှော်လင့်ချက်တွေကို မြေသိမ့်ခြင်းနဲ့ပြန်တည်ဆောက် အမှန် ဆုံးလမ်းတစ်ခုကို ရွှေးလိုက်ပေတော့၊ ဒါဆိုမင်းဟာသန့်စင်သွားပြီ။

ကဲ လဲရင်ပြန်ထ ဒါဘ၀ပဲ၊ အရာရာအားလုံး ၀မ်းစမိုးကကြီးရေးကပဲ ပြန်သုံးသပ်လိုက်၊ ဘယ်ဟာငါမှားလဲလို့၊ ဇွဲ၊ လုံ့လ၊ ၀ီရိယ အကုန်သုံးခဲ့တယ်မဟုတ် လား၊ မင်းမမှားဘူး ကံကမင်းဘက်မှာမပါသေးလို့၊ ဒါဆိုလဲအဲ့ဒီ ကံ ဆိုတဲ့အရာကြီး ကို ဘယ်နေရာရောက်ရောက် မင်းကသွားဆွဲခေါ်ရမယ်။ တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့ မှာလဲ။ -------မင်းမောနေပြီလား။ မင်းခြေထောက်တွေ မထောက်နိုင်တော့ဘူး လား။ ဒါတွေထားစမ်းပါကွာ၊ မရရင်လေးဘက်ထောက်သွား၊ ဘယ်သူမှမင်းကိုဆွဲထူ ပေးမှာမဟုတ်ဘူး။ မရပြန်တော့ဘူးလား။ ၀မ်းလျှားမှောက်ပြီးသွား။

မှတ်ထားဘ၀ဆိုတာ လုပ်တိုင်းမဖြစ်ဘူး၊ စိတ်တော့မညစ်နဲ့ငါ့လူရေ လွယ်လွယ်နဲ့စံပယ်ပွင့်လို့ကတော့၊ နထ္တိဆိုတာ ဘုရားတောင်ဟောခဲ့မှာ မဟုတ်ဘူး။

No comments: