Tuesday, September 18, 2007

Remembering


ကျွန်တော် ကိုယ်တိုင်ရေး ကဗျာစာအုပ်လေး တစ်အုပ်ကို အမှတ်မထင် လှန်ကြည့်မိလိုက်တော့ တစ်ချိန်က ရေးထားတဲ့ ကဗျာတွေနဲ့အတူ ညောင်ရွက်လေး တစ်ရွက်ကို သွားတွေ့တယ်။ ဒါနဲ့ ကျွန်တော် အတိတ် တွေထဲကို နှစ်နာရီလောက် အလည်ရောက်သွားခဲ့ပါတယ်။ တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက် လေးတွေ တစ်ချိန်က တွေ့ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံလေးတွေ ပြန်ပြီး သတိရမိတယ်။ အဲ့ဒီညောင်ရွက်လေးပေါ်မှာ မျက်ရည်စက်လေး တစ်စက် ရှိခဲ့ဘူးတယ်။ ရေမွေးနံ့လေး တစ်ချို့ရှိတယ်။ နှုတ်ခမ်းနီရာလေး တစ်ချို့ရှိတယ်။ မှင်ရာလေးတစ်ချို့ စွန်းထင်းနေခဲ့တယ်။ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရလို့ စာအုပ်လေးသာ ဟောင်းနွမ်း သွားခဲ့ပေမယ့်။ ညောင်ရွက်လေးနဲ့ သူထမ်းပိုးထားတဲ့ အတိတ်ဖြစ်ရပ်လေး တစ်ချို့က တော့ အမြဲသစ်လွင် နေဆဲပါ။ မိုးတွေလည်း မန္တလေးမှာ အရမ်းရွာခဲ့တယ်။ မိုးရွာကြီးထဲကို ငေးကြည့်ရင်း ကဗျာလေး တစ်ပုဒ်ကို ပြန်အောင်းမေ့မိတယ်။ ဆရာမကြီး ငွေတာရီ ရေးသွားတဲ့ ကဗျာလေးပေါ -
  • အုံ့ဆိုင်းရီရီ၊ မိုးပြင်မှိုင်းလို့၊ ကိုးခွင်တိုင်းက မှုန်လို့ပြာ။
  • မိုးရညီညီ၊ ငွေရည်တွဲကျ၊ ထွေလီမဆဲ သဲလို့သာ။
  • မြရွက်ညိုညို၊ ရင့်စိုကြားက၊ ပွင့်ညိုကားကား စကားဝါ။
  • ရင့်ညှောင်းငွေညှာ၊ ကြွေကာပဲ့လို့၊ မြေမှာတလှည့် စံတဲ့ခါ။
  • မောင့်ပါးပြင်မှာ၊ မျက်ရည်စဲလို့၊ ပြတ်သည်အသဲ ကြွေလုပါ။
  • ခက်တာ သက်လျှာ။
အောင်ချမ်းလင်း ရဲ့ ဘ၀တစ်ပိုင်းတစ်စ လေးသို့ လွင့်ပျံခြင်း - - -

Sunday, September 16, 2007

ဝမ်းနည်းခြင်းမှတ်တမ်း


(ဆရာမ ဒေါ်အေးအေး)

သည် (၁၁-စက်တင်ဘာလ-၂၀၀၇) အင်္ဂါနေ့ မနက်တွင် ဘ၀တပါးသို့
ကူးပြောင်းသွားကြောင်း သိရသည့်အတွက် မိသားစုနှင့် အတူ
ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်...။

Monday, August 20, 2007

May Kha Lar



ဒါက အန်တီ မေခလာ ပုံပါဗျာ



မေခလာနဲ့ ကျွန်တော်ပေါ့

ဒီနေ့ မေခလာနဲ့ တွေ့ခဲ့တယ်။ SkyWalk ပေါ်မှာ ကြုံထောင့်ကြုံခဲ မင်းသမီးဟောင်းကြီး မေခလာနဲ့ တွေ့ခဲ့ရတယ်ဗျာ။ ဒီကောင်ကြွားတယ် လို့ပြောပြော ကြွားရဦးမယ် ဓါတ်ပုံတွဲရိုက်ခဲ့တယ်ဗျ။ စပ်ဗြဲဗြဲနဲ့ပေါ့။ Pupa ကုမ္ပဏီ က အလှကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲပါ။

Sunday, August 19, 2007

Aung Chan Linn Return



အလွန်လှသော ကျွန်တော့်ပုံ ဖြစ်သည်။ အခြားမင်းသားများနှင့် လွဲမှားခြင်း မဖြစ်စေရန်။
ကျွန်တော်ရူးသွားပြီဟု လူတိုင်းပြောကြပါသည်။ သို့သော် ကျွန်တော်မရူးသေးပါ။ ကျွန်တော် ကြောင်ချင် သလိုလို ဖြစ်သွားခဲ့ပါသည်။ ကျွန်တော့်ကို ပညာရှင်တစ်ချို့က လက်စွမ်းပြပါသည် ဟုထင်ထားသည်။ ဘယ်သူမှန်းမသိခင်မှာ ထိုသူကို ကျွန်တော် သတ်ချင်သည်။ ဒေါသတွေမိုးမွန်သွားခဲ့ ပါသည်။ ကျွန်တော့် Blog ရဲ့ Password တွေပြောင်းကုန် ပါတယ်။ တစ်ယောက်ယောက်ရဲ့ လက်စွမ်းဆိုတာကို သိရပါတယ်။ ကျွန်တော်နဲ့ တစ်မြို့တည်းသား အနုတ်စုတ်ဂုတ်စုတ် နိုင်ငံတစ်နိုင်ငံရောက်နေတဲ့ ၀ဲစားတစ်ကောင် လက်ချက်ပါ။ အဲ့ဒီကောင် အရမ်းတော်လွန်းလို့ တော့ မထင်လိုက်ကြနဲ့နော်။ ကျွန်တော်နဲ့ အတူ ကွန်ပျူတာ တက်ခဲ့တဲ့ကောင်ပါပဲ။ ကျွန်တော်ဟာ ကွန်ပျူတာစသုံးကတည်းက Main Password ကိုတစ်မျိုး Normal Password ကိုတစ်မျိုး နှစ်မျိုး ပဲသုံးတာပါ။ ကျန်တာမရှိပါဘူး။ ဒါကို ဒီကောင်က အခွင့်အရေးယူပြီး ကျွန်တော့် ဂျီမေးလ်ထဲဝင်ကြည့် တယ်။ နောက်ပြီး ကျွန်တော် Blog တွေရေးနေတာ ကိုဒီကောင်သိသွားတယ်လေ။ သူကကျွန်တော့်ရဲ့ Main Password ကိုသိ နေတယ်လေ။ အတန်းထဲမှာဆို ကျွန်တော်က ကျွန်တော်ကိုင်တဲ့ လက်ကိုင်ကွန်ပျူတာကို Main password ပေးထားပါတယ်။ ဒါကို ဒီကောင့်ကိုကျွန်တော် ပြောခဲ့ဘူးပါတယ်။ အခု Internet သုံးတော့လည်း Main Password ကို မပြောင်းခဲ့ပါဘူး အရင်အတိုင်းပဲ ပေးထားခဲ့မိတာပါ။ ဒီကောင် မြန်မာကို မကြာသေးမီ တစ်ပါတ်အတွင်း ပြန်ရောက်လာပါတယ်။ ဒီကောင်နဲ့ တွေ့တော့ ကျွန်တော့်က Blog တွေ ရေးနေတုန်း Password တွေပြောင်းကုန်တဲ့ အကြောင်း ပြောပြတယ် အဲ့ဒီ ခပ်နန ကောင်က သူ့ကို (၃)ရက်တိတိ သွားချင်တဲ့ နေရာဆိုင်ကယ်နဲ့ လိုက်ပို့ပေးရင် ပြောပြမယ်ဆိုတော့မှ ဒီကောင်မှန်းသိခဲ့ရတယ်။ ဆွဲထိုးရမှာလိုလို ဖက်နမ်းရမှာလိုလို ဖြစ်သွားခဲ့ရတယ်။ ဒီကောင်ကြောင့် စိတ်ရှုပ်ခဲ့ရတဲ့အတွက် လျှော်ကြေး အနေနဲ့ အပေါစား လက်ကိုင်ကွန်ပျူတာလေး တောင်းဆိုထားတယ်။ ပြန်ရောက်ရင်တော့ ၀ယ်ပေးမယ် ပြောတယ် ဒါပေမယ့်။ ဒီကောင့် စကား တစ်နဲ့စား အကြွင်း သုည မယုံရ။ လဒလေးရေ အခုတော့ မင်းမရတော့ ဘူး။ ငါ Password တွေ အကုန်ပြောင်းလိုက်ပြီ။


မအိပ်နိုင်မစားနိုင် ကွန်ပျူတာရှေ့ ထိုင်နေပုံ