Monday, November 12, 2007

Domain Changing

ကျွန်တော်လည်း သူများတွေ ဒိုမိန်းချိန်းနေလို့ ကိုပီကေတို့ကို အကူအညီတောင်းပြီး မြန်မာဘလော့ဂါ ဒိုမိန်းလေး တောင်း မေးလ်နဲ့ အကူအညီတောင်းလိုက်ပါတယ်။ ကိုပီကေ လည်း အသင့်ရှိနေတော့ သိပ်မကြာလိုက်ခင် ချက် ချင်းဆိုသလို အဆင်ပြေသွားပါတယ်။ ကျွန်တော်ယူထားတဲ့ ဒိုမိန်းများကတော့ -
(၁) http://nettar.myanmarbloggers.org
(၂) http://www.aclmdy.tk
(၃) http://www.aungchanlin.tk များပဲဖြစ်ပါတယ်။
ဖော်ပြပါ လိပ်စာများတွင် ကျွန်တော့် ဘလော့ကို ယခင်အတိုင်းအားပေးနိုင်ပါတယ်။ သို့သော် မူရင်း blogspot ဒိုမိန်းလေးကို လည်း ဖွင့်ကြည့်နိုင်ပါတယ် http://aclmdy.blogspot.com ပါ။
အထက်မှာဖော်ပြပြီးဖြစ်တဲ့ http://www.???.tk ဒိုမိန်းလိပ်စာများဟာ ကမ္ဘာပေါ်မှာ အန္တရယ် အများဆုံး ဒိုမိန်းများ အဖြစ် မကြာသေးမီကမှ ကြေငြာခံထားရလို့ အနှေးနဲ့ အမြန်ဆိုသလို ပြန်လည်ပြုပြင်ခြင်း ပြုလုပ် ထားရပါတယ်။ သို့သော် ပြောင်းလို့မရတာထက်စာရင်တော့ တော်သေးတယ်ပေါ့နော့။ .tk ဒိုမိန်းများကို လိုချင် သပဆိုရင်တော့. http://www.dot.tk မှာ
Free registrations သွားလုပ်ပြီး Free domain အသုံးပြုနိုင်ပါတယ်။ ကာလကုန်သွားရင်တော့ ထပ်လုပ်ပေါ့ ဘာဖြစ်လဲ ပိုက်ပိုက်ပေးရတာမှ မဟုတ်တာ အဟိ :P သူ့ကိုသုံးမယ်ဆိုရင် ဒါလေးတော့ ဖတ်ကြည့်ပါဦးနော် အဟီး အနော်လည်းသိပ်မယုံနဲ့ ရမ်းတုတ်တာ။


Saturday, November 10, 2007

PhotoShop Keyboard Shortcuts

ကျွန်တော် ဒီနေ့ ရှာရင်းဖွေရင်းနဲ့ PhotoShop Keyboard Shortcuts များကို Acrobat Reader ဖိုင်များနဲ့ စနစ်တကျသွားတွေ့ပါတယ်။ ကျွန်တော် PhotoShop သုံးနေတာ အတော်ကို ကြာနေပါပြီ။ ကျွန်တော်တောင်လုံးဝ မသိသေးတဲ့ Keyboard Shortcuts များကို အများကြီးတွေ့လိုက် ရပါတယ်။ စနစ်တကျ ပြုစုထားတာ တွေ့ရလို့ ကျွန်တော် လည်း ကျွန်တော့် သူငယ်ချင်းများကို မရှာရ မဖွေရပဲနှင့် ရစေချင်တဲ့ စိတ်ကြောင့် ဒီမှာပဲ တင်ပေးလိုက်ရပါတယ်။ ကျွန်တော်ဟာ PC (window) အသုံးများတာမို့ PC Keyboard Shortcuts များကိုသာ တင်ပြလိုက်ပါတယ်။ Mac(Apple-OSx) သုံးသူများအတွက်တော့ ကျွန်တော် ၀မ်းနည်းပါတယ်။ ဒါပေမယ့် သိပ်ပြီး ကွာလှတယ်တော့ မဟုတ်ပါဘူး။ အကြမ်းဖျဉ်းအားဖြင့် PC ရဲ့ (Ctrl) Key နေရာမှာ Mac က (cmd) key ကိုအစားထိုးသုံးသွားပါတယ်။

နောက်ပြီး အောက်ဖော်ပြပါ ဇယားလေးပါ တွေ့ရှိခဲ့ရပြန်ပါတယ်။ အဲ့ဒါကတော့ PhotoShop ထဲက Tool Box ကို Shortcuts များနှင့်တကွ ဇယားဆွဲပေးထားတာ ဖြစ်ပါတယ်။ Nomal Key များသာသုံးထားတဲ့အတွက် PC ရော Mac မှာပါ အဆင်ပြေ နိုင် ပါတယ်။ Download လုပ်ရန်ဖိုင်များကတော့ Adobe Acrobat Reader ဖိုင် (.pdf)နဲ့ ဖြစ်ပါတယ်။ CS / CS2 / CS3 စသည်ဖြင့် ဗားရှင်းအလိုက် (၃)ဖိုင်တင်ပြ ထားပါတယ်။ အဆင်ပြေသည့် ဖိုင်ကို Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။











Thursday, November 8, 2007

FireFox Theme ပြောင်းရအောင်

ကျွန်တော် အောက်က post ကလေးကို တင်လိုက်တော့ သူငယ်ချင်းတွေက ၀ိုင်းပြီး ပြောကြပါတယ်။ မလုပ်တတ် တဲ့သူတွေ အတွက် အသေးစိတ် Firefox ဒီဇိုင်းပြောင်းနည်းလေး ရေးစမ်းပါဦးကွာ ဆိုလို့ အသေးစိတ် ရေးတင် လိုက်ရပါတယ်။ ယခင် ကွန်ပျူတာဂျာနယ်မှာ လည်း ကျွန်တော် ဖတ်ခဲ့ဘူးပါတယ်။ အခု ရုပ်ပုံလေးတွေနဲ့ အဆင် ပြေအောင် ကျွန်တော် ရေးတင်ပေးလိုက်ပါတယ်။ အဆင်ပြေအောင် iFox ဒီဇိုင်းလေး ပြောင်းနည်းပြပါ့မယ်။ အောက်ပါ ဒီဇိုင်းလေးပါ -

(၁) Mozilla Firefox ကိုအရင်ဖွင့်လိုက်ပါ။
(၂) http://www.google.com ကိုဖွင့်လိုက်ပါ။
(၃) google Search Box မှာ ifox add-on လို့ တစ်သွေမသိမ်းရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

(၄) ကျွန်တော်ကြယ်အနီရောင်လေးပြထားတဲ့ ထိပ်ဆုံးမှ iFox-Smaragd :: Firefox Add-ons ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါမှမဟုတ် ဒီစာကြောင်းက link မှာ တစ်ချက်နှိပ်လိုက်ပါ။

(၅) Webside တက်လာရင် Install Now ဆိုတဲ့ အစိမ်းရောင် အတုံးလေးမှာ တစ်ချက်နှိပ်လိုက်ပါ။

(၆) အောက်ပါပုံအတိုင်း Software Installation Box ကလေးကျလာရင် အောက်ဘက်မှာ ရှိတဲ့ Install Now ဆိုတဲ့ အတုံးလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကျွန်တော် ကြယ်အနီ ရောင် ပုံပြထားပါတယ်။

(ရ) Add-ons Box ကလေးကျလာပြီး Download ဆွဲနေတာကိုမြင်ရပါလိမ့်မယ် ခဏလေးစောင့်ပေးလိုက်ပါ။

(၈) ပြီးရင် ထိပ်မှာရှိတဲ့ Themes Tab ကလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကြယ်အနီပြထားပါတယ်။

(၉) ၄င်းနောက် အစိမ်းရောင်အတုံးလေးပါတဲ့ iFox-Smaragd ကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် Use Theme အတုံးလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကျွန်တော် ကြယ်အနီရောင်များပြထားပါတယ်။

(၁၀) ပြီးရင် အထပ်မှာရှိတဲ့ Installation Tab ကိုတစ်ချက်နှိပ်လိုက်ပါ။ နောက်တစ်ကွက်ပြောင်းသွားရင် အောက်ဆုံးညာဘက်ထောင့်နားက Restart Firefox အတုံးလေးကိုတစ်ချက်နှိပ်လိုက်ပါ။ ကြယ်အနီများပြထား ပါတယ်။

(၁၁) Firefox ဟာ သူ့အလိုအလျှောက် ပိတ်ပြီး ချက်ချင်း ပြန်ပွင့်လာပါလိမ့်မယ်။ ထိုအခါ သင့် Firefox ဟာ iFox ဒီဇိုင်းလေးနဲ့အတူ အောက်ပါအတိုင်းလှလှပပ တွေ့ရပါလိမ့်မယ်။

ဖော်ပြပါ iFox Themes မှ ဒီဇိုင်းမကြိုက်သေးဘူးဆိုရင် ကျွန်တော်အောက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ post ထဲက ကြိုက်နှစ်သက်ရာ Themes ဒီဇိုင်းလေးများကို ဒေါင်းလုလုပ်ပြီး Install ပေးကြည့်နိုင်ပါတယ်။ အမှားအယွင်းများ ရှိခဲ့ရင် ကျွမ်းကျင်သူ မဟုတ်သည့် အတွက် သည်းခံခွင့်လွတ် ပေးစေလိုပါတယ်။

အောင်ချမ်းလင်း (aungchan06@gmail.com)

Wednesday, November 7, 2007

Firefox Themes

ကျွန်တော် မနေ့ညက ကမျှင်းကြောထကြည့် မိတယ်။ Firefox ကို Themes ဒီဇိုင်းလေးတွေ ပြောင်းကြည့်လိုက် မိတယ် အလွန်ကြိုက်နှစ်သက်မိတဲ့ ဒီဇိုင်းလေး (၃)ခုကိုသွားတွေ့ရပါတယ်။ သူငယ်ချင်းများလဲ ခံစားကြည့်လို့ ရအောင် ကျွန်တော် ရေးသားလိုက်ရပါတယ်။

နာဆာ NASA Night Launch
အနက်ရောင်လေးနဲ့ အနက်ကြိုက်သူတွေအဖို့ တော့ ဆွဲတောင်မှု ရှိလှပါတယ်။ ဒီမှာ Download ရယူနိုင်ပါတယ်။

iFox-Smaragd

Mac ရဲ့ Safari ဒီဇိုင်းမျိုးပါပဲ ဒီဇိုင်းဆန်းသစ်မှုလေးကိုလည်း ခံစားရမှာပါ။ ဒီမှာ Download ရယူနိုင်ပါတယ်။ နောက်ပြီး ifox Themes ဒီဇိုင်းနဲ့ပါတ်သက်ပြီး အောက်ပါအတိုင်း လဲ Themes ဒီဇိုင်းလေးများကိုလည်း.... တွေ့ရှိရ ပြန်ပါတယ်။

Bricks for Firefox

အုတ်ခဲပုံ ဒီဇိုင်းလေးဖြစ်ပါတယ်။ ဂေါ်လီလာပုံ တံဆိပ်လေးကိုလည်း တွေ့ရပါတယ်။ ရိုးရိုးလေးနဲ့ အလွန် ကြည့်ကောင်းလှပါတယ်။ ဒီမှာ Download လုပ်နိုင်ကြပါတယ်။