Sunday, January 29, 2012

How to root Huawei u8660 (v.2.3.5) & u8650 ?

ယခုတင်ပြသော Root လုပ်နည်းသည် huawei u8660, u8650 တို့တွင် အသုံးချနိုင်ပါသည်။
ဦးစွာသတိပေးလိုသည်မှာ သင်သည် တစ်ကြိမ်မျှ Root မလုပ်ဖူးသူဖြစ်ပါက ဖော်ပြပါ အကြောင်းအရာများ အား သင့်ဖုန်းဖြင့် လိုက်မလုပ်မီ နားလည်အောင် အရင်ဖတ်ရှုစေလိုပါသည်။ ဖတ်ရှုပြီးမှသာ တစ်ဆင့်ချင်း လိုက်ပါလုပ်ဆောင်ပါ။
(၁) ပထမဦးစွာ Root လုပ်ရန်လိုအပ်သော ဖိုင်အား ဒီနေရာမှာ Download လုပ်ပါ။
(၂) ထိုရရှိလာသော ဖိုင်အား Zip မဖြည်ပဲ သင့်ဖုန်း၏ SD ကဒ်ထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။ အောက်ပါ အဆင့်များ အတိုင်း လိုက်လဲလုပ်ဆောင်ပါ။
     (က)  သင့်ဖုန်းအား USB Cable ဖြင့် ကွန်ပြူတာသို့ချိတ်ဆက်ပါ။

     (ခ) ထို့နောက် Notifications Bar အား အောက်သို့ဆွဲချပါ။ ပြီး USB Connected ကိုနှိပ်ပါ။

     (ဂ) ထိုအခါ ပေါ်လာသော Turn On USB Storage ကို နှိပ်လိုက်ပါ။

    (ဃ) သင့်ကွန်ပျူတာ တွင် USB Disk အသွင် ဖြင့် Disk နှစ်ခုပေါ်လာပါမည်။ Space များသော Disk မှာ သင့်ဖုန်း၏ SD Card ဖြစ်သည်။ ၄င်းထဲသို့ Download ဆွဲထားသော update.zip ဖိုင်အား ရွှေ့ပြောင်းပါ။ Copy / paste လုပ်ခြင်း၊ Drug ဆွဲထည့်ခြင်း စသည့် မည်သည့်နည်းမဆိုသုံးနိုင်သည်။ 

(၃) သင့်ဖုန်းအား ပိတ်လိုက်ပါ။ ထို့နောက် USB ကြိုးကိုလည်း ဖုန်းမှ ဖြုတ်လိုက်ပါ။ ဖုန်းပိတ်မသွားပါက ဖုန်းမှ ဓါတ်ခဲအား ဆွဲဖြုတ်နိုင်ပါသည်။

(၄) သင့်ဖုန်းအား ဘထ္ထရီဖြုတ်ထားလျှက်နှင့် Volume Down (အသံတိုးသည့်ခလုတ်) နှင့် Power (အဖွင့်အပိတ်ခလုတ်) တို့အား နှိပ်ထားပါ လုံးဝမလွတ်လိုက်ပါနှင့်။ ထိုအချိန်တွင် ဘထ္ထရီအား ထိုးသွင်းလိုက်ပါ။ ခလုတ်နှစ်ခုလုံးအား လုံးဝမလွတ်ပါနှင့်။
(၅) ၁၀ စက္ကန့်ခန့် Volume Down နှင့် Power အား ဆက်နှိပ်ထားပါ အောက်ပါပုံအတိုင်း တံဆိပ်တွင် ဆက်မတက်တော့ပဲ ရပ်တန့်နေပါက ခလုတ်နှစ်ခုအား လွတ်လိုက်ပါ။
(၆) USB Cable ဖြင့် ဖုန်းအား ကွန်ပြူတာဖြင့် ချိတ်ဆက်ပါ။

(၇) ကွန်ပျူတာတွင် Android ADB Driver ရှိရန်လိုအပ်ပါသည်။ Driver ရှိပါက ကွန်ပြူတာတွင် အောက်ပါ ပုံအတိုင်း ပေါ်လာမည်ဖြစ်ပြီး။ Driver မရှိပါက နံပါတ် (၈) အား ဆက်လုပ် လုပ်ဆောင်ရမည်ဖြစ်သည်။ Driver ရှိပါက နံပါတ် (၈) အား ဆက်လက်လုပ်ဆောင်ရန် မလိုပါ။
ရှိ/မရှိ သေချာ စေရန် ဖုန်းထိုးထားလျှက်နှင့် ကွန်ပြူတာ Desktop ပေါ်ရှိ My Computer အား Right Click နှိပ်ကာ Manage ကိုနှိပ်လိုက်ပါ ထိုအခါ Computer Management ပေါ်လာမည် ထိုထဲမှ Device Manager ကိုနှိပ်လိုက်ပါ။ Driver များစာရင်းထိပ်ဆုံးတွင် ADB Interface ဟု ပေါ်နေပါက Driver နေပြီ ဖြစ်သည်။ ထိုကဲ့သို့ မပေါ်ပဲ အဝါ ရောင် ? Android အား တွေ့ရပါက နံပါတ် (၈)ကို ဆက်လက်လုပ်ဆောင်ပါ။
(၈) ဤအဆင့်များသည့် Android ADB Driver မရှိသူများအတွက် လုပ်ဆောင်ရန်ဖြစ်သည်။ 
      (က) Android ADB Driver အား ဒီနေရာမှာ နှိပ်ကာ Download လုပ်ပြီး Zip ဖြည်လိုက်ပါ။
      (ခ)  ထို ADB Driver ဖိုင်ကို Zip ဖြည်ထားပါ။
   (ဂ)  My Computer အား Right Click နှိပ်ကာ Manage ကိုနှိပ်လိုက်ပါ ထိုအခါ Computer Management ပေါ်လာမည် ထိုထဲမှ Device Manager ကိုနှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာလျှင် ၄င်းထဲရှိ အဝါရောင် ? Android ပေါ်တွင် Right Click နှိပ်ကာ Update Driver ကို ရွေးခြယ်ပါ။
အောက်ပါ ပုံအတိုင်း Browse my computer for driver software ကို ဆက်ရွေးခြယ်ပါ။
Browse for driver software on your computer ပေါ်လာပါက Browse.. ကို နှိပ်၍ သင် download ဆွဲပြီး zip ဖြည်ထားသော adb_driver ဖိုင်အား ညွှန်ပြပါ(အောက်ပါပုံ)။ ထို့နောက် adb driver အား ကွန်ပျူတာမှ အလိုအလျှောက်တွေ့ရှိ တပ်ဆင်သွားပါမည်။

(၉) ထို့နောက် 8660.zip ဒီဖိုင်အား Download လုပ်ပါ
(၁၀) ထိုဖိုင်ကို Zip ဖြည်လိုက်ပါ။ အောက်ပါ အတိုင်းဖိုင်များပေါ်လာပါမည်။
(၁၁) ထိုဖိုင်များထဲမှ 8660 Recovery ဖိုင်အား Right Click နှိပ်ကာ Run as Administrator ဖြင့် ဖွင့်ရပါမည်။ ဖုန်းသည် ကွန်ပျူတာနှင့် ချိတ်ဆက်ထားသည်မှာ သေချာရပါမည်။
 အောက်ပါအတိုင်းပေါ်လာလျှင် Enter နှိပ်လိုက်ပါ။
လုပ်ဆောင်ချက်ပြီးစီးသွားပါက Enter ဆက်လက်နှိပ်ပါ။ ထိုအချိန်တွင် သင့်ဖုန်းသည် ပိတ်ပြီးပြန်ဖွင့် သွားမည် ဖြစ်သည်။

ထိုအချိန်တွင် သင့်ဖုန်း Screen သည် တဖြည်းဖြည်း မှိန် သွားသည်ကိုတွေ့ရသည်နှင့် ချက်ချင်း အောက်ပါခလုတ် များကို လျှင်မြန်စွာ နှိပ်ရမည်ဖြစ်သည်။
(A) Volume Down တစ်ချက်နှိပ်ပါ။
(B) Power တစ်ချက်နှိပ်ပါ။
(C) Volume Down ကို အတိအကျ (၇)ချက်နှိပ်ပါ။
(D) Power တစ်ချက်နှိပ်ပါ။  နှိပ်ပြီး (၃)စက္ကန့်စောင့်ပါ။
(E) Power တစ်ချက်နှိပ်ပါ။ ဖုန်းမှာ ပိတ်ကာ ပြန်ပွင့်သွားမည်။ 
သင့်ဖုန်း Root လုပ်ခြင်း အောင်မြင်စွာပြီးဆုံးပြီဖြစ်ပါသည်။ ဖုန်းပွင့်လာပါက သင့်ဖုန်း၏ Application များထဲတွင် SuperUser Icon အား အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်သည်။

(၁၂) အထက်ပါ နည်းများအတိုင်း ဆောင်ရွက်ရာတွင် Superuser အား မတွေ့ရှိရပါက အောက်ပါ နည်းများ အတိုင်း ဆက်လက်လုပ်ဆောင်ပေးပါ။
(က) သင့်ဖုန်းအားကွန်ပျူတာ နှင့်ချိတ်ထားသော ကြိုးမှ ဖြုတ်ပါ။ 
(ခ) သင့် ဖုန်း SD Card ထဲတွင် Update.zip ဖိုင်သေချာပေါက်ရှိ နေလားစစ်ဆေးပါ။ မရှိလျှင် (၂) အားပြန်လည်လုပ်ဆောင်ပါ။
(ဂ) ကွန်ပြူတာရှိ 8660 Recovery ဖိုင်ဖွင့်စဉ် အောက်ပါအတိုင်း စာသားများ အတိုင်း အတိအကျ ပေါ်လာမည်။ ပေါ်ခဲ့သည်မှာ မသေချာပါက အဆင့် (၁၁) အား ပြန်လည်လုပ်ဆောင်ပါ။

(ဃ) ထိုနည်းများအားလုံး အဆင်ပြေပြီး မရသေးပါက သင့်ဖုန်းကို သေချာစွာပိတ်ပါ ကွန်ပျူတာမှ USB ကြိုးအားဖြုတ်လိုက်ပါ။ ဖုန်းမပိတ်ပါက ဓါတ်ခဲကို ဖြုတ်နိုင်သည်။ Volume UP (အသံချဲ့သည့်ခလုတ်) နှင့် Power (အဖွင့်အပိတ်ခလုတ်) တို့အား နှိပ်ထားပါ လုံးဝမလွတ်လိုက်ပါသည်။ ထိုအချိန်တွင် ဘထ္ထရီအား ထိုးသွင်းလိုက်ပါ။ ခလုတ်နှစ်ခုလုံးအား လုံးဝမလွတ်ပါနှင့်။ Screen မှာ မှိန်သွားပါက ခလုတ်များကို တစ်ပြိုက်နက် လွတ်လိုက်ပါ (အောက်ပါပုံအတိုင်း)

 မှိန်သွားသည်ကို ကြည့်မနေပါနှင့် ထိုအချိန်တွင်  အောက်ပါခလုတ် များကို လျှင်မြန်စွာ နှိပ်ရမည်ဖြစ်သည်။
(A) Volume Down တစ်ချက်နှိပ်ပါ။
(B) Power တစ်ချက်နှိပ်ပါ။
(C) Volume Down ကို အတိအကျ (၇)ချက်နှိပ်ပါ။
(D) Power တစ်ချက်နှိပ်ပါ။  နှိပ်ပြီး (၃)စက္ကန့်စောင့်ပါ။
(E) Power တစ်ချက်နှိပ်ပါ။ ဖုန်းမှာ ပိတ်ကာ ပြန်ပွင့်သွားမည်။နည်းများဖြင့် သေချာစွာဆောင်ရွက်လိုက်ပါက သင့်ဖုန်း သေချာပေါက် Root ဖြစ်သွားပြီ ဖြစ်သည်။ ဖုန်း Application များထဲတွင် Superuser ကို သေချာစွာရှာကြည့်ပါ။ တွေ့ပါလိမ့်မည်။
 

if you need to use on your web/ blog. Please credit Me
အောင်ချမ်းလင်း
aungchan06@gmail.com
http://aclmdy.blogspot.com

16 comments:

Unknown said...

root လုပ်ပီးတော့ အဲ့ဒီ superuser နဲ့ ဘာတွေလုပ်လို့ရသေးတုန်းမသိဘူးနော်

Unknown said...

မြန်မာစာ ထည့်လို့ ရတယ်.....ဘုရား
နောက် update.zip ကဖိုင် မတွေ့ ဘူး ဘယ်ကနေ ရမလည်း မသိဘူး ပြောပြပေးလို့ ရမလား...

Unknown said...

မြန်မာစာ ထည့်လို့ ရတယ်.....ဘုရား
နောက် update.zip ကဖိုင် မတွေ့ ဘူး ဘယ်ကနေ ရမလည်း မသိဘူး ပြောပြပေးလို့ ရမလား...

Anonymous said...

I haven't found download link

Anonymous said...

အစ်ကိုရေ
root လဲရပါတယ် ဖုန်းပိတ်ပြီး USB နဲ့
ဘက်ထရီအားသွင်းရင် မူလဘက်ထရီပုံလေးမပေါ်တော့တာကိုတစ်ချက်
ကူပေးစေချင်ပါတယ်။

phuephue said...

update.zip ဖိုင်က မတွေ့ဘူးနော် ပြန်တင်ပေးပါဦးရှင့်

Anonymous said...

Root လုပ်ရန်လိုအပ်သော Zip ဖိုင်ကိုဒေါင်း၍မရပါ။ ကျေးဇူးပြု၍ ပြန်တင်ပေးစေလိုပါတယ် ...

Unknown said...

ကျွန်တော်မိုးကုတ်ကညီလေးချမ်းမြေ့ပါကျွန်တော့သူင
်ချင်းဖုန်းကျွန်တော်rootလုပ်ပေးတာအဆင်ပြေပါတယ်

Unknown said...

ကျွန်တော်မိုးကုတ်ကညီလေးချမ်းမြေ့ပါကျွန်တော့သူင
်ချင်းဖုန်းကျွန်တော်rootလုပ်ပေးတာအဆင်ပြေပါတယ်

tun tun oo said...

download not found ပါ ကူညီပါဦးနော် ကျွန်တော်မှာ မြန်မာစာမြင်ချင်လို့ပါဗျာ

1020aunglay said...

အစ်ကိုရေ lenovoa6902.3.6 လုပ်ချင်တယ်
ရမလားအဲံrootနဲ့လေ

1020aunglay said...

အစ်ကိုရေ lenovoa6902.3.6 လုပ်ချင်တယ်
ရမလားအဲံrootနဲ့လေ

Anonymous said...

download link is not working

Unknown said...

အကို motorola Droid Razor ကိုရော ဘယ်လို root လုပ်ရသလဲ ဗျာ။ ကူညီပါဦး။

Unknown said...

အကို motorola Droid Razor ကိုရော ဘယ်လို root လုပ်ရသလဲ ဗျာ။ ကူညီပါဦး။

Karma Eco Adventure Nepal said...

We, the team Karma Eco Adventure is a leading travel and trekking company based in Kathmandu Nepal dedicated to help travelers in the country with personally crafted tours and treks. check out our featured packages as: Ganjala High Pass Trek Annapurna base camp trek, Annapurna circuit trek , Ghorepani poonhill trek, Annapurna sanctuary trek, Everest base camp heli trek , Everest base camp trek