Thursday, November 22, 2007

To Myanmar Blogger


ကျွန်တော်တို့ နိုင်ငံမှာ http://www.blogger.com/ ကို ဖြတ်တောက်လိုက်ပါတယ်။ http://???.blogspot.com/ ကစလို့ အကုန်လုံးပါပဲ။ Bagannet ကလေ။ အဲ့ဒီအချိန်မှာ ပြင်းထန်တဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကို တင်ပြခွင့်မရအောင်လို့ပါပဲ။ နိုင်ငံရေး အခြေအနေမှာ ပြန်လည်ငြိမ်သက် သွားသော်လည်း ဘာကြောင့်များ Bagan net က ကျွန်တော်တို့ကို ပြန်ဖွင့်မပေးလဲ MPT တောင်ပြန်ဖွင့်နေပြီပဲ။ သူတို့နည်းနည်းတော့ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အခုဆို ကျွန်တော်တို့ ရန်ကုန်/ မန္တလေး နဲ့ အနယ်နယ် အရပ်ရပ်က Blogger တွေရဲ့ ရေးအား(၇၀%)လောက် လျှော့ကျကုန်တယ်။ www.blogger.com ကို စိတ်ကုန်လို့မဟုတ်ပေမယ့် ဖြတ်တောက်ထားတာကြောင့် Wordpress နဲ့ အခြား Free Blog များကိုရှာဖွေ ရေးသား နေကြတာကို တွေ့ရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော်တို့အားလုံး Blog ကို ဘယ်နေရာက ရရ ဘယ်လိုပဲရရ ကြိုးစားရေးသားသင့်ပါတယ်။ သူငယ်ချင်းများရဲ့ Blog တွေကို ပြေးကြည့်လိုက်တော့ Post လေးတွေ သိပ်မရေးကြတော့တာကို တွေ့ရလို့ ကျွန်တော်လည်း စိတ်အားငယ် ခဲ့ရပြန်ပါတယ်။ မြန်မာပြည်ထဲမှာ Blog ရေးသူတစ်ယောက်ဆိုတာ တော်ရုံတန်ရုံ ၀ီရိယ နဲ့တော့ မရဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ မြန်မာပြည့်ရဲ့ Connection Speed ၊ မြန်မာပြည်ရဲ့ တားမြစ်မှု တွေကို ကျော်ဖြတ်ပြီး ရေးဖို့ တော်ရုံတန်ရုံ ပါရမီနဲ့ မရတာသေချာ ပါတယ်။ တစ်ချို့က ပြောကြသေးတယ်။ Blog ရေးရင် ဖမ်းမှာစိုးလို့ မရေးတော့တာတဲ့။ မိမိအမြင် နဲ့ နည်းပညာတွေကို ထုတ်ဖော်ရေးသားနေတဲ့ Blog ရေးသားတာ ကိုတော့ ရွှေဥာဏ်တော် စူးရောက်စွာဖြင့် ဖမ်းဆီး ပြဿနာရှာမယ်လို့ ကျွန်တော်မထင်မိပါ။ Blogger များ နောက်တွန့်မှုမရှိဘဲ ရှေ့ဆက်လျှောက်သင့်ပါသည်။ အရင်လို ရန်ကုန်/မန္တလေး Blogger တွေ ပျော်ပျော်ရွင်ရွင် စည်းစည်းရုံးရုံးဖြင့် Post များဆက်ရေးပြီး တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်အကြံပြုကြ မယ့်နေရက် တွေကို ကျွန်တော် များမကြာမီ ပြန်ရောက်တော့မယ်လို့ ယုံကြည်ထားပါတယ်။ မြန်မာ Blogger များ ဆက်ကြိုးစားကြပါလို့ ကျွန်တော် တိုက်တွန်း နှိုးဆော်ချင်ပါတယ်။

Monday, November 19, 2007

Inset a Search Box

Blog Sidebar မှာ မိမိ Blog အတွင်း ရှာဖွေပေးတဲ့ Search Box ကလေး ထည့်ချင်ပါတယ် ဆိုရင်တော့ အောက်ပါ အတိုင်း လုပ်ဆောင်ပေးရပါလိမ့်မယ် -
(၁) သင့် Blog ကိုမှာ Sign in လုပ်ပြီး Template tab ကိုသွားပါ။
(၂) Page Elements tab ကို ရွေးခြယ်ပါ။
(၃) "Add a page Elements" ကို Click တစ်ချက်နှိပ်လိုက်ပါ။
(၄) “HTML/JavaScript"ကို ဆက်လက် ရွေးခြယ်ပါ။
(၅) "HTML/JavaScript" ထဲတွင် အောက်ပါ code များအား ထည့်သွင်းကာ Save လုပ်လိုက်ပါ။

ထိုသို့ထည့်သွင်းရာတွင် ဒုတိယ စာကြောင်းမှာပါတဲ့ action="YOUR BLOG URL/search" ဆိုသော နေရာတွင် ကျွန်တော် အနီပြထားသော YOUR BLOG URL နေရာမှာ သင့်ရဲ့ Blog လိပ်စာကို ထည့်သွင်းပါ။ ဥပမာအား ဖြင့် ကျွန်တော့် Blog ဆိုလျှင် action="http://aclmdy.blogspot.com/search" ဟု ဖြစ်သွား ပါမည်။
၎င်းနောက် (၄)ကြောင်းမြောက်တွင်ပါသော This is your Tittle ဆိုသောနေရာတွင် သင်ထည့်လိုသော ခေါင်းစဉ်ကိုထည့်သွင်းပါ။ အောက်ပါအတိုင်းဖြစ်သွားပါမည်။

My Blog Search Box


အလျှားကို ချဲ့/ချုံ့ ပြုလုပ်ချင်သေးပါက (၆)ကြောင်းမြောက်ရှိ maxlength="255" ဆိုသောနေရာတွင် 255 အစား မိမိ လိုသလောက်ကို ချဲ့/ချုံ့ ပြုလုပ်နိုင်ပါတယ်။ ဥပမာ maxlength="500"
နောက်ဆုံးတစ်ခုကတော့ Search ဆိုတဲ့ အတုံးလေးကို စာသားပြင်ချင်ပါက Value="Search" နေရာမှ Search အစားမိမိထည့်သွင်းလိုသော စားလုံးကို ပြင်ရေးလိုက်ပါ။ ဥပမာ Value="Go"
ယခုဆိုလျှင် သင့် Blog မှာ Blog ထဲမှ အကြောင်းအရာများကို ရှာပေးမယ့်။ Search Box လေးတစ်ခု တင့်တင့် တယ်တယ် ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဆင်မပြေတာရှိရင် အကြံပြုခဲ့ကြပါဦးလားဗျာ။

Saturday, November 17, 2007

How to Clean Brontok Virus ?

တစ်ခါက ကျွန်တော် Post ကလေးတစ်ခုတင်ဖူးပါတယ်။ ဗိုင်းဗိုင်းကိုက်လို့ ဒိုးဒိုးပြုတ်ခြင်း ဆိုတာကို ပေါ့ အခုတော့ အဲ့ဒီ Virus ကို ကျွန်တော် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး အထက်ကျောင်းမှာ ပြန်ပြီး တွေ့ဆုံခဲ့ကြ ရပြန်ပါတယ်။ သူ့ကို Brontok လို့ခေါ်ပြီး Kaspersky နဲ့ BitDefender Anti-Virus များဆိုရင်တော့ ကောင်းကောင်း နိုင်ကြပါတယ်။ ဒါပေမယ့် တစ်ခြား Anti-Virus သုံးသူများအနေနှင့်တော့ အတော်လေးကို ခံစား သွားရမယ်လို့ ထင်ပါတယ်။ Brontok နဲ့ Flashy ဗိုင်းရပ်များ ဟာ အဓိကအားဖြင့် PC (window) တွေကို တိုက်ခိုက်တာဖြစ်ပြီး ၄င်းတို့ ၀င်ရောက်နေပြီဆိုရင် အောက်ပါအတိုင်း မိမိ OS မှာ ပြသာနာဖြစ်ပွားပါတယ် -
(၁) Explorer ထဲမှ Floder Options ခေါ် မရခြင်း။
(၂) cmd.exe အလုပ်မလုပ်ခြင်း (command)။
(၃) Registry Editor ခေါ်မရခြင်း (regedit)။
(၄) Window Task Manger ခေါ်မရခြင်း (Ctrl+Alt+Del)။
(၅) Anit-Virus များ ဖွင့်မရခြင်း/ ပြုတ်ကျသွားခြင်း။
(၆) အင်တာနက်မှ Virus / Anti-Virus ခေါင်းစဉ် (header) ပါ Web pages များ ဖွင့်မရခြင်း/ပြုတ်ကျခြင်း။
(၇) Virus / Anti-Virus အမည်ပါ Folder များ/ File များ ဖွင့်မရခြင်း။
(၈) စက်လုပ်ဆောင်ချက် တဖြည်းဖြည်း နှေးကွေးသွားခြင်း။
(၉) Anti-Virus များ တင်မရခြင်း။


C: ထဲမှာ ဖိုင်တစ်ဖိုင်ကိုဖွင့်လိုက်ရင် ဒီစာသားတက်လာတာကိုလည်း တွေ့ရတတ်ပါတယ်။
ထိုသို့ Virus တက်နေသော စက်များတွင် Anti-Virus တင်မရခြင်းကြောင့် Format ချရန် နှင့် အခြားစက် တစ်လုံးသို့ Hard Disk Drive အား အခြား Anti-virus ရှိသော စက်သို့ချိတ်ဆက်ပြီး စစ်ခြင်းအပြင် အနည်းမရှိ တော့ပါ။ ထို့အတွက်ကြောင့် ကျွန်တော် မကြာခဏ ခံစားခဲ့ရသဖြင့် Brontok နှင့် Flashy ဗိုင်းရပ်များအား လွယ်လွယ်နှင့် နိုင်မည့် နည်းလမ်းရှာဖွေခဲ့ရာတွင် အသေးစား Anit-virus ကလေးများကို တွေ့ရှိခဲ့ရပါတယ်။ ၄င်း Software ကလေးများဟာ Brontok အတွက် သီးခြားအလုပ်လုပ် ပေးမှာဖြစ်ပါတယ်။ အောက်ပါ (၄)ခု အနက်မှ ကြိုက်ရာကို Download လုပ်ပြီး Virus တက်နေတဲ့ စက်ထဲမှာ ဖွင့်လိုက်တာနဲ့ တော်တော်အသက်ရှု ချောင်သွားပါမယ် ပြီးရင်တော့ Kaspersky လို Bitdefender လို Anti-virus မျိုးကို တင်ထားလိုက်ပေါ့။ အမှား အယွင်းပါခဲ့ရင် ခွင့်လွတ်စေချင်ပါတယ်။ ကျွန်တော်ဟာ အင်္ဂလိပ်စာမှာ အရမ်းအားနည်းတတ်ပါတယ်။
(၁)
CompactbyteAV
(၂) GData Anti...Worm
(၃) Sophos BRONTGUI
(၄) Kaspersky Brontok Removal Tool
(၅)
BitDefender Brontok Removal Tool
(၆) Ogav

Monday, November 12, 2007

Do Tine Htar Ne

လွတ်လပ်ရေးတိုက်ပွဲ . . .
လူတိုင်း၌ ညီမျှသော အခွင့်တရား ရှိသင့်သည်။
လူတစ်မျိုးက လူတစ်မျိုးကို အုပ်ချုပ်ရန် အလိုမရှိ။
သွေးနှင့်လဲရသည် . . .
လွတ်လပ်ရေးကား သွေးနှင့်လဲယူရသော အလုပ်ဖြစ်၏။ ရာထူး/လခ နှင့် လဲယူခြင်းသည် လွတ်လပ်ရေး အစစ် မဟုတ်။ သို့ဖြစ်လျှင် ဤလူယုတ်များကို သုတ်သင်ရဲသော အာဇာနည်များ အဘယ်ကြောင့် မပေါ်ထွက်သေး သနည်း။
တွေးကြည့်ပါ . . .
မိတ်ဆွေ . . အဆွေသည် မြန်မာလူမျိုး ဖြစ်ပါသည်။ မော်တော်ကားကြီးစီး၊ တိုက်ကြီးတာကြီးနှင့် စည်းစိမ် ယစ်နေသောအခါ အမိုးမလုံ၊ သားသမီး တစ်ပြုံကြီးနှင့် တဲကုပ်ကလေးတွင် ငတ်ပြတ်ခွေလဲနေသော မြန်မာများကို တွေးကြည့်ပါ။
အလိုရှိသည် . . .
(ဗာလာနံ)မဟုတ်သော လူမိုက် အလိုရှိသည်။ အလုပ်လုပ်လိုသူများသည် မည်သည့်နေရာမှ လျှောက်ထားဖို့ မလို။ နိုင်ငံရေး ဇာတ်ခုံတွင် ကိုယ်ကျိုးမငဲ့ဘဲ ကပြကြပါ။
(ရဲသတင်းစာမှ ကောက်နုတ်ချက်များ)

အထက်ပါ စာသားများမှာ ၁၉၆၁ ခုနှစ်က ဆရာကြီး မဟာဆွေ ၏ သမီးဖြစ်သူ ခင်ဆွေဦး ရေးသားခဲ့သော ဒို့တိုင်းဌာနီ ၀ထ္ထုမှ စာသားများဖြစ်သည်။ ၄င်းစာအုပ်အား မြန်မာပြည်သား ၀ဘ် မှ ကျွန်တော် ခိုးထားသည်။ ဒီမှာ နှိပ်ပြီး Download လုပ်နိုင်ပါသည်။ (3.2)Mb လေးပါတယ်။

ဒါနဲ့စကားမစပ် ဦးဇာဂနာကြီး ဘလော့လုပ်နေလေရဲ့ ကြည့်ကြပါဦးလား။





















ရေးမိရေးရာများ - - -
အောင်ချမ်းလင်း (အမည်ရင်း)၊ နတ်သား (ကလောင်)

Domain Changing

ကျွန်တော်လည်း သူများတွေ ဒိုမိန်းချိန်းနေလို့ ကိုပီကေတို့ကို အကူအညီတောင်းပြီး မြန်မာဘလော့ဂါ ဒိုမိန်းလေး တောင်း မေးလ်နဲ့ အကူအညီတောင်းလိုက်ပါတယ်။ ကိုပီကေ လည်း အသင့်ရှိနေတော့ သိပ်မကြာလိုက်ခင် ချက် ချင်းဆိုသလို အဆင်ပြေသွားပါတယ်။ ကျွန်တော်ယူထားတဲ့ ဒိုမိန်းများကတော့ -
(၁) http://nettar.myanmarbloggers.org
(၂) http://www.aclmdy.tk
(၃) http://www.aungchanlin.tk များပဲဖြစ်ပါတယ်။
ဖော်ပြပါ လိပ်စာများတွင် ကျွန်တော့် ဘလော့ကို ယခင်အတိုင်းအားပေးနိုင်ပါတယ်။ သို့သော် မူရင်း blogspot ဒိုမိန်းလေးကို လည်း ဖွင့်ကြည့်နိုင်ပါတယ် http://aclmdy.blogspot.com ပါ။
အထက်မှာဖော်ပြပြီးဖြစ်တဲ့ http://www.???.tk ဒိုမိန်းလိပ်စာများဟာ ကမ္ဘာပေါ်မှာ အန္တရယ် အများဆုံး ဒိုမိန်းများ အဖြစ် မကြာသေးမီကမှ ကြေငြာခံထားရလို့ အနှေးနဲ့ အမြန်ဆိုသလို ပြန်လည်ပြုပြင်ခြင်း ပြုလုပ် ထားရပါတယ်။ သို့သော် ပြောင်းလို့မရတာထက်စာရင်တော့ တော်သေးတယ်ပေါ့နော့။ .tk ဒိုမိန်းများကို လိုချင် သပဆိုရင်တော့. http://www.dot.tk မှာ
Free registrations သွားလုပ်ပြီး Free domain အသုံးပြုနိုင်ပါတယ်။ ကာလကုန်သွားရင်တော့ ထပ်လုပ်ပေါ့ ဘာဖြစ်လဲ ပိုက်ပိုက်ပေးရတာမှ မဟုတ်တာ အဟိ :P သူ့ကိုသုံးမယ်ဆိုရင် ဒါလေးတော့ ဖတ်ကြည့်ပါဦးနော် အဟီး အနော်လည်းသိပ်မယုံနဲ့ ရမ်းတုတ်တာ။


Saturday, November 10, 2007

PhotoShop Keyboard Shortcuts

ကျွန်တော် ဒီနေ့ ရှာရင်းဖွေရင်းနဲ့ PhotoShop Keyboard Shortcuts များကို Acrobat Reader ဖိုင်များနဲ့ စနစ်တကျသွားတွေ့ပါတယ်။ ကျွန်တော် PhotoShop သုံးနေတာ အတော်ကို ကြာနေပါပြီ။ ကျွန်တော်တောင်လုံးဝ မသိသေးတဲ့ Keyboard Shortcuts များကို အများကြီးတွေ့လိုက် ရပါတယ်။ စနစ်တကျ ပြုစုထားတာ တွေ့ရလို့ ကျွန်တော် လည်း ကျွန်တော့် သူငယ်ချင်းများကို မရှာရ မဖွေရပဲနှင့် ရစေချင်တဲ့ စိတ်ကြောင့် ဒီမှာပဲ တင်ပေးလိုက်ရပါတယ်။ ကျွန်တော်ဟာ PC (window) အသုံးများတာမို့ PC Keyboard Shortcuts များကိုသာ တင်ပြလိုက်ပါတယ်။ Mac(Apple-OSx) သုံးသူများအတွက်တော့ ကျွန်တော် ၀မ်းနည်းပါတယ်။ ဒါပေမယ့် သိပ်ပြီး ကွာလှတယ်တော့ မဟုတ်ပါဘူး။ အကြမ်းဖျဉ်းအားဖြင့် PC ရဲ့ (Ctrl) Key နေရာမှာ Mac က (cmd) key ကိုအစားထိုးသုံးသွားပါတယ်။

နောက်ပြီး အောက်ဖော်ပြပါ ဇယားလေးပါ တွေ့ရှိခဲ့ရပြန်ပါတယ်။ အဲ့ဒါကတော့ PhotoShop ထဲက Tool Box ကို Shortcuts များနှင့်တကွ ဇယားဆွဲပေးထားတာ ဖြစ်ပါတယ်။ Nomal Key များသာသုံးထားတဲ့အတွက် PC ရော Mac မှာပါ အဆင်ပြေ နိုင် ပါတယ်။ Download လုပ်ရန်ဖိုင်များကတော့ Adobe Acrobat Reader ဖိုင် (.pdf)နဲ့ ဖြစ်ပါတယ်။ CS / CS2 / CS3 စသည်ဖြင့် ဗားရှင်းအလိုက် (၃)ဖိုင်တင်ပြ ထားပါတယ်။ အဆင်ပြေသည့် ဖိုင်ကို Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။











Thursday, November 8, 2007

FireFox Theme ပြောင်းရအောင်

ကျွန်တော် အောက်က post ကလေးကို တင်လိုက်တော့ သူငယ်ချင်းတွေက ၀ိုင်းပြီး ပြောကြပါတယ်။ မလုပ်တတ် တဲ့သူတွေ အတွက် အသေးစိတ် Firefox ဒီဇိုင်းပြောင်းနည်းလေး ရေးစမ်းပါဦးကွာ ဆိုလို့ အသေးစိတ် ရေးတင် လိုက်ရပါတယ်။ ယခင် ကွန်ပျူတာဂျာနယ်မှာ လည်း ကျွန်တော် ဖတ်ခဲ့ဘူးပါတယ်။ အခု ရုပ်ပုံလေးတွေနဲ့ အဆင် ပြေအောင် ကျွန်တော် ရေးတင်ပေးလိုက်ပါတယ်။ အဆင်ပြေအောင် iFox ဒီဇိုင်းလေး ပြောင်းနည်းပြပါ့မယ်။ အောက်ပါ ဒီဇိုင်းလေးပါ -

(၁) Mozilla Firefox ကိုအရင်ဖွင့်လိုက်ပါ။
(၂) http://www.google.com ကိုဖွင့်လိုက်ပါ။
(၃) google Search Box မှာ ifox add-on လို့ တစ်သွေမသိမ်းရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

(၄) ကျွန်တော်ကြယ်အနီရောင်လေးပြထားတဲ့ ထိပ်ဆုံးမှ iFox-Smaragd :: Firefox Add-ons ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါမှမဟုတ် ဒီစာကြောင်းက link မှာ တစ်ချက်နှိပ်လိုက်ပါ။

(၅) Webside တက်လာရင် Install Now ဆိုတဲ့ အစိမ်းရောင် အတုံးလေးမှာ တစ်ချက်နှိပ်လိုက်ပါ။

(၆) အောက်ပါပုံအတိုင်း Software Installation Box ကလေးကျလာရင် အောက်ဘက်မှာ ရှိတဲ့ Install Now ဆိုတဲ့ အတုံးလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကျွန်တော် ကြယ်အနီ ရောင် ပုံပြထားပါတယ်။

(ရ) Add-ons Box ကလေးကျလာပြီး Download ဆွဲနေတာကိုမြင်ရပါလိမ့်မယ် ခဏလေးစောင့်ပေးလိုက်ပါ။

(၈) ပြီးရင် ထိပ်မှာရှိတဲ့ Themes Tab ကလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကြယ်အနီပြထားပါတယ်။

(၉) ၄င်းနောက် အစိမ်းရောင်အတုံးလေးပါတဲ့ iFox-Smaragd ကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် Use Theme အတုံးလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကျွန်တော် ကြယ်အနီရောင်များပြထားပါတယ်။

(၁၀) ပြီးရင် အထပ်မှာရှိတဲ့ Installation Tab ကိုတစ်ချက်နှိပ်လိုက်ပါ။ နောက်တစ်ကွက်ပြောင်းသွားရင် အောက်ဆုံးညာဘက်ထောင့်နားက Restart Firefox အတုံးလေးကိုတစ်ချက်နှိပ်လိုက်ပါ။ ကြယ်အနီများပြထား ပါတယ်။

(၁၁) Firefox ဟာ သူ့အလိုအလျှောက် ပိတ်ပြီး ချက်ချင်း ပြန်ပွင့်လာပါလိမ့်မယ်။ ထိုအခါ သင့် Firefox ဟာ iFox ဒီဇိုင်းလေးနဲ့အတူ အောက်ပါအတိုင်းလှလှပပ တွေ့ရပါလိမ့်မယ်။

ဖော်ပြပါ iFox Themes မှ ဒီဇိုင်းမကြိုက်သေးဘူးဆိုရင် ကျွန်တော်အောက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ post ထဲက ကြိုက်နှစ်သက်ရာ Themes ဒီဇိုင်းလေးများကို ဒေါင်းလုလုပ်ပြီး Install ပေးကြည့်နိုင်ပါတယ်။ အမှားအယွင်းများ ရှိခဲ့ရင် ကျွမ်းကျင်သူ မဟုတ်သည့် အတွက် သည်းခံခွင့်လွတ် ပေးစေလိုပါတယ်။

အောင်ချမ်းလင်း (aungchan06@gmail.com)

Wednesday, November 7, 2007

Firefox Themes

ကျွန်တော် မနေ့ညက ကမျှင်းကြောထကြည့် မိတယ်။ Firefox ကို Themes ဒီဇိုင်းလေးတွေ ပြောင်းကြည့်လိုက် မိတယ် အလွန်ကြိုက်နှစ်သက်မိတဲ့ ဒီဇိုင်းလေး (၃)ခုကိုသွားတွေ့ရပါတယ်။ သူငယ်ချင်းများလဲ ခံစားကြည့်လို့ ရအောင် ကျွန်တော် ရေးသားလိုက်ရပါတယ်။

နာဆာ NASA Night Launch
အနက်ရောင်လေးနဲ့ အနက်ကြိုက်သူတွေအဖို့ တော့ ဆွဲတောင်မှု ရှိလှပါတယ်။ ဒီမှာ Download ရယူနိုင်ပါတယ်။

iFox-Smaragd

Mac ရဲ့ Safari ဒီဇိုင်းမျိုးပါပဲ ဒီဇိုင်းဆန်းသစ်မှုလေးကိုလည်း ခံစားရမှာပါ။ ဒီမှာ Download ရယူနိုင်ပါတယ်။ နောက်ပြီး ifox Themes ဒီဇိုင်းနဲ့ပါတ်သက်ပြီး အောက်ပါအတိုင်း လဲ Themes ဒီဇိုင်းလေးများကိုလည်း.... တွေ့ရှိရ ပြန်ပါတယ်။

Bricks for Firefox

အုတ်ခဲပုံ ဒီဇိုင်းလေးဖြစ်ပါတယ်။ ဂေါ်လီလာပုံ တံဆိပ်လေးကိုလည်း တွေ့ရပါတယ်။ ရိုးရိုးလေးနဲ့ အလွန် ကြည့်ကောင်းလှပါတယ်။ ဒီမှာ Download လုပ်နိုင်ကြပါတယ်။