Sunday, September 16, 2007

Goodbye My Friend


ညီမလေး (၅)ယောက် ကောက်ရဘူးတယ်။ ရင်နှင့်နေအောင်ပျော်ခဲ့ရပါတယ်။ တစ်ခါတစ်ခါတော့ စိတ်ဆိုး စိတ်ကောက် တာလေးတွေ ရှိဘူးတာပေါ့။ တစ်ယောက်ကို တစ်ယောက် ပြန်ချော့ခဲ့ပါတယ်။ အခု စည်းစည်း လုံးလုံးလေး ပြန်ဖြစ်သွားတဲ့ အချိန်မှာတော့ တစ်ယောက်က မြန်အောင်ဆိုတဲ့ မြို့ကို ပြန်သွားပြီးပြီ။ နောက်တစ် ယောက်က မနေ့ ည (၁၀း၃၀)ရထားနဲ့ ရန်ကုန်ကို သွားခဲ့ပြီ ညီမလေးရေ မင်းကို အပြုံးနဲ့ပဲ နှုတ်ဆက်ခဲ့တာ ပါပဲ။ မင်းကို “ကောင်မစုတ်” လို့ ငါခေါ်နိုင်တော့မှာ မဟုတ်ပါဘူး။ ငါတို့တတွေ ပေါင်းပြီး ခရီးတွေထွက်ခဲ့ ဖူးတယ်။ နတ်က “က”ခဲ့ဘူးတယ်။ ဇရပ်ပေါ်၊ ဆေးရုံပေါ် အိပ်ခဲ့ဘူးတယ်။ ဘူတာကြီးပေါ် အိပ်ခဲ့ဘူးတယ်။ ဘ၀ရဲ့ အမှတ်တရ နေ့စွဲလေးတွေပါပဲ ညီမလေးတို့ရယ် နောက်ထပ် တစ်ယောက်ပြီး တစ်ယောက် မခွဲသွား ပါစေနဲ့ လို့ ဆုတောင်းရင်း . . .
video

0 comments: